Thanlwintimes

အိန္ဒိယအခွန်ဦးစီးဌာနက BBC ရုံးတွေကို ဝင်ရောက်စစ်ဆေး

နယူးဒေလီ – ဖေဖော်ဝါရီ(၁၅) အိန္ဒိယနိုင်ငံ အကောက်ခွန်အရာရှိတွေဟာ နယူးဒေလီနဲ့ မွန်ဘိုင်းမြို့အခြေစိုက် BBC ရုံးတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၁၃) ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြတယ်လို့သတင်းရင်းမြစ်နှစ်ဦး က ရိုက်တာကို ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ဂူဂျာရက် ၂၀၀၂ အရေးအခင်းအတွင်း ဝန်ကြီးချုပ် မိုဒီကို ဝေဖန်ထားတဲ့ BBC ရဲ့ ရုပ်သံကြောင့် အစိုးရဘက်က အပြင်းအထန်အပြစ်ပေးမှုတွေ ဆောင်ရွက်ပြီး ထွက်ပေါ်လာတာ ပါ။…

တရုတ်ထောက်လှမ်းရေး မီးပုံးပျံတွေကို မတွေ့ခဲ့ရဘူးလို့ ထိုင်ဝမ်ဆို

တိုင်ပေ – ဖေဖော်ဝါရီ(၁၅) ထိုင်ဝမ်အနီးတဝိုက်မှာ တရုတ်ထောက်လှမ်းရေးမီးပုံးပျံတွေကို မတွေ့ရဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၁၄) ရက်နေ့ကဆိုခဲ့ပြီး တရုတ်နဲ့ အမေရိကန်ကြား အငြင်းပွား မှုတွေကနေ စစ်ရေးတင်မာမှုတွေ မြင့်တက်လာမှာ စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၄) ရက်နေ့က တောင်ကယ်ရိုလိုင်းနားမှာ တရုတ်သူလျှိုမီးပုံပျံ တစ်ခုကို အမေရိကန်စစ်တပ်က ပစ်ချထားတာပါ။ အဲဒီမီးပုံးပျံဟာ လမ်းကြောင်းမှားယွင်းလွင့်ပျံသွားတဲ့ အရပ်ဘက် သုတေသနယာဉ်ဖြစ်တယ်လို့…

ပေါင်မြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ပစ်သတ်ခံရ

ပေါင် – ဖေဖော်ဝါရီ(၁၅) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၇ နာရီအချိန်လောက်က ရင်းငြိမ်တောင်ကျေးရွာထိပ် ငွေလျံလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမား…

ဗိုလ်ချုပ်မွေးနေ့ဂုဏ်ပြုတဲ့အနေနဲ့ ရေစကြိုက စစ်ကောင်စီစခန်းကို ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

ရေစကြို – ဖေဖော်ဝါရီ(၁၄) မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ် ပြုတဲ့ အနေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီဘက် က (၁၅) ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ Myingyan Black Tiger(MBT)အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၃) ရက်နေ့ ညနေပိုင်းက အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်မှာ တပ်စွဲ ထားတဲ့ ငြိမ်းဇာနည်စခန်းကို MBT…

KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံး

ဖာပွန်၊ ဖေဖော်ဝါရီ(၁၅) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ ဇန်နဝါရီလ(၁)လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် အရပ်သားပြည်သူ(၁၃)ဦးသေဆုံးခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။ ဇန်နဝါရီလအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲက ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်နဲ့…

ရေးအခြေစိုက် စစ်ကောင်စီ ခမရ(၅၈၇)တပ်ရင်း တိုက်ခိုက်ခံရ

ရေး၊ ဖေဖော်ဝါရီ(၁၅) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အခြေစိုက်စစ်ကောင်စီ ခမရ(၅၈၇) တပ်ရင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီး ဗုံးပစ်လောင်ချာနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း(MSRO) ထံကနေ သိရပါတယ်။ အဲဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၈၇) တပ်ရင်းရဲ့ ကင်းဂိတ်ကို…

ညောင်လေးပင်ခရိုင်မှာ ကျေးရွာ ၃ ရွာ ရွာလုံးကျွတ် ထွက်ပြေးနေရ

ညောင်လေးပင်၊ ဖေဖော်ဝါရီ(၁၅) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာ(၃)ရွာက ဒေသခံပြည်သူ(၁၀၀၀)ကျော်ဟာ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ KNU နဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၁)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၂၀)တပ်ကနေ လက်နက်ကြီး(၃)လုံးပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ(၃)ဦး…

စစ်အာဏာသိမ်း (၇၄၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၉၈ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၅) AAPP ရဲ့ ဖေဖော်ဝါရီ(၁၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၄၄)ရက်အတွင်း ပြည်သူ (၂၉၉၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၆၈၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ကယားစစ်ရှောင်တွေ ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွာလာ

လွိုင်ကော်၊ ဖေဖော်ဝါရီ(၁၅) ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေနဲ့ တိုက်ပွဲတွေပြင်း ထန်ပြီးနောက် ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေမှာ ရိက္ခာပြတ်လပ်မှုတွေ ပိုမိုမြင့် တက်လာတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထားတဲ့ ရိက္ခာတွေစုဆောင်းထားပေမယ့် လက်ရှိအချိန်မှာ စစ်ရှောင်ဦးရေ ထပ်တိုးလာ တာကြောင့် ရိက္ခာပြတ်လပ်မှုတွေ ထပ်မံဖြစ်ပေါ်လာသလို နွေရာသီမရောက်ခင် ရိက္ခာအားလုံး ကုန်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။…

မြန်မာခရီးသွားကဏ္ဍ စိုးရိမ်ရတဲ့ အခြေအနေအထိ ကျဆင်းလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၅) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လုံခြုံရေး အာမခံ ချက်မရှိတော့တာကြောင့် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှုကြီးနေပြီး စိုးရိမ်ရတဲ့အခြေအနေအထိ ကျဆင်း လာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဧည့်လမ်းညွှန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာခရီးသွားလုပ်ငန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေတစ်ခုကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ခရီးသွားအများဆုံး ဝင်ရောက်နေတဲ့ ဒေသတွေ ဖြစ်တဲ့ ပုဂံ၊ အင်လေးနဲ့…