Thanlwintimes

စစ်အာဏာသိမ်း (၇၄၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၉၄ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၆) AAPP ရဲ့ ဖေဖော်ဝါရီ(၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၄၅)ရက်အတွင်း ပြည်သူ (၂၉၉၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၇၄၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်မှု စစ်ကောင်စီမထိန်းနိုင်

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၆) လက်ကျန်စပါး နည်းပါးလာမှုနဲ့အတူ ပြည်တွင်းဆန်ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ ပြဿနာကို စစ်ကောင်စီဘက်က ထိန်းသိမ်းနိုင်ခြင်း မရှိသေးဘူးလို့ ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းဆန်ဈေးနှုန်းဟာ ဈေးကွက်အတွင်း လက်ကျန်စပါးနည်းပါးလာတာ၊ နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးနှုန်း မြင့်တက်လာတာ၊ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် စံချိန်တင်ဈေးနှုန်းမြင့် တက်လာခဲ့တာ ဖြစ်ပါတယ်။ ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ဈေးကွက်အတွင်းမှာ ပေါ်ဆန်းတစ်အိတ်ကို ကျပ်(၅၉၀၀၀) ဝန်းကျင်ကနေ…

NUG နဲ့ KIO ဟာ နိုင်ငံတကာဥပဒေစံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ စစ်ကောင်စီစွပ်စွဲ

ကသာ၊ ဖေဖော်ဝါရီ (၁၆) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဆက်နွယ်တဲ့ PDF အဖွဲ့တွေအပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့ဟာ ပညာရေးကဏ္ဍမှာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ပြီး နိုင်ငံတကာဥပဒေစံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလကုန်အထိ NUG အဖွဲ့ရဲ့စေခိုင်းမှုအရ PDF အဖွဲ့ တွေက…

ထားဝယ်မြို့နယ် ဝကုန်းမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဒေသခံနေအိမ်တွေကိုမီးရှို့

ထားဝယ်၊ ဖေဖော်ဝါရီ(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်အရှေ့တော PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ထားဝယ်ဘက်ကနေ တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ကြား…

KNU အုပ်ချုပ်နယ်မြေမှာ အရပ်သားထိခိုက်သေဆုံးမှု ၃ ဆနီးပါး မြင့်တက်လာ

ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၆) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆနီးပါး မြင့်တက်လာတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ (၂၀၂၂)ခုနှစ် ဒီဇင်ဘာလအတွင်း KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ အကြောင်းမဲ့ပစ်ခတ်မှုတွေကြောင့် ရဟန်းသံဃာနဲ့ ကလေးတွေအပါအဝင်အရပ်သား(၅)ဦးသေဆုံးခဲ့ရပြီး…

ဆိပ်ဖြူမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ပြည်သူ တစ်ထောင်ကျော် ထွက်ပြေးနေရ

ဆိပ်ဖြူ – ဖေဖော်ဝါရီ(၁၅) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ပြည်သူတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ညနေပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနား ကျေးရွာ တွေမှာ နေထိုင်တဲ့ ပြည်သူတွေ ထွက်ပြေးနေရတာပါ။ ဆိပ်ဖြူနယ်ထဲက ဆိုင်ဖြူရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး…

ကယားမှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အမွှာကိုယ်ဝန်ဆောင်မိခင် ကလေးပျက်ကျ

ဖယ်ခုံ – ဖေဖော်ဝါရီ(၁၅) ကယားပြည်နယ်၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေရဲ့ ပြင်းထန်တဲ့ ပေါက်ကွဲအားတွေကြောင့် အမွှာကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကလေးပျက်ကျခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၄) ရက်နေ့ ညနေပိုင်းက ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ပြီးကျရောက်ပေါက်ကွဲမှုကြောင့် အမွှာကိုယ်ဝန်ဆောင်ထားတဲ့ အမျိုး သမီးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့ရတာပါ။ အဲဒီအမျိုးသမီးဟာကိုယ်ဝန်(၈) လဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက်…

ဆိုင်ကလုန်းဂတ်ဘရီရယ်လ်ကြောင့် နယူးဇီလန်နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာခဲ့ရ

ဝယ်လင်တန်၊ ဖေဖော်ဝါရီ(၁၅) နယူးဇီလန်နိုင်ငံဟာ ဆိုင်ကလုန်း ဂတ်ဘရီရယ်လ်ကြောင့် နေရာအနှံ့ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မုန်တိုင်း ဒီရေ မြင့်တက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ရပြီး လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။ အိမ်ခေါင်မိုးတွေပေါ်မှာ ရေဘေးသင့်သူတွေ သောင်တင်နေတာကြောင့် နိုင်ငံရဲ့သမိုင်းတစ်လျှောက် တတိ ယမြောက်နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေအဖြစ် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ကြေညာခဲ့ရပါတယ်။ လူပေါင်း (၂၂၅၀၀၀) ခန့်ဟာ လျှပ်စစ်မီးပြတ်တောက်ခြင်းဒဏ်ကို ခံစားခဲ့ကြရတာပါ။“နိုင်ငံတစ်ဝှမ်း နယူးဇီလန်နိုင်ငံသားတွေအတွက်…