စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG ကြေညာ
မော်လမြိုင် – ဧပြီ(၅) စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူကြား ထိတ်လန့် မှုတွေကို ဖြစ်ပေါ်စေတာ၊ ပြည်တွင်း တရားဝင် နိုင်ငံရေး အဖွဲ့အစည်းတွေကို ဥပဒေနဲ့မညီညွတ် တဲ့ လုပ်ရပ်တွေကို အတင်းအကြပ်ပြုလုပ်စေဖို့ လုပ်ဆောင်ခဲ့တဲ့အတွက်…
