TLT Tv||- ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၃) ရက် တနင်္လာနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/St0RV_JM6tI
https://youtu.be/St0RV_JM6tI
ပုလော – ဖေဖော်ဝါရီ(၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်းကျေးရွာမှာ အသက် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၇ ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ ညောင်ရှင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နေအိမ်ကို လက်နက်ကိုင်…
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။ အရပ်သားတွေအပါအဝင် ဝန်ထမ်းတွေပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်ဆောင်ခွင့်မူမှာ ဝန်ထမ်းတွေအပြင် အရပ်သားတွေပါ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်မှုဟာ စစ်ကောင်စီမှာ ဘယ်လို ရည်ရွယ်ချက်တွေရှိနေလဲ။ ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေ၊ နိုင်ငံတကာ လက်နက်ကိုင်ဆောင်ခွင့်မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ…
မော်လမြိုင် – ဖေဖော်ဝါရီ(၁၂) အမျိုးသားညီညွတ်ရေးအစိုးရကဦးဆောင်ကျင်းပတဲ့ (၇၆) နှစ်မြောက် (ပင်လုံ စာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက်) အထိမ်းအမှတ်အခမ်းအနားကို တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက အာဏာဆုပ်ကိုင်ထားနိုင်ဖို့ရှေးရှုပြီး တိုင်ပြည်အာဏာကို လက်နက်အားကိုးနဲ့ လက်ဝါးကြီးအုပ်ထားနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် တန်းတူအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးတို့ဟာ လက်ရှိအချိန်ထိ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တာ မရှိသေးဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)…
စစ်တွေ၊ ဖေဖော်ဝါရီ (၁၂) ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်တွေ စခန်း ချရာနေရာတွေရဲ့ အနီးဝန်းကျင်ရွာတွေမှာရှိတဲ့ အိမ်ကြီးအိမကောင်းတွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးပြီး အိမ်ဆောက်ပစ္စည်းတွေနဲ့ လူ့အသုံးအဆောင်တွေကို ယူဆောင်သွားတာတွေလုပ်ဆောင်နေလို့ ဒေသခံတွေထံမှ သိရပါတယ်။ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ အပစ်ရပ်ထားလိုက်ကြပေမယ့် စစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်ကြတဲ့ ရခိုင်စစ်ရှောင်အများစုဟာနေရပ်ပြန်ဖို့ အဆင် မပြေနိုင်ကြသေးဘဲ လူနေအိမ်တွေဟာ ပိုင်ရှင်မဲ့သဖွယ်ဖြစ်နေကြချိန်မှာ စစ်ကောင်စီတပ်သားတွေက အခုလို ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို…
မော်လမြိုင်၊ ဖေဖော်ဝါရီ (၁၂) အာဏာသိမ်းပြီး (၂)နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံဟာ အခြေခံလိုအပ်ချက် တွေမြင့်မားလာပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် အခုလို အကူအညီတွေလိုအပ်တာပါ။ UNOCHA ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ…
ပုလော၊ ဖေဖော်ဝါရီ(၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တစ် နေကုန်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၆ နာရီလောက်က ထမင်းမစားကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ တပ်အင်အား ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ…
မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၂) မွန်ပြည်နယ်အတွင်းက နေလှန်ဆားတောင်သူတွေဟာ ဆားအသစ်ထွက်ရှိချိန်မှာ ဈေးနှုန်း ဆက်တိုက် ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အရှုံးပေါ်နေကြတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆားဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဆားကြမ်းတစ်ပိဿာကို ကျပ်(၂၃၀) ဝန်းကျင် ပေါက်ဈေးရှိရာကနေ ဖေဖော်ဝါရီ ဒုတိယအပတ်မှာတော့ တစ်ပိဿာကို ကျပ်(၁၃၀) ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းလာ တာ ဖြစ်ပါတယ်။ ဆားဈေးနှုန်း…
မြဝတီ၊ ဖေဖော်ဝါရီ(၁၂) စစ်ရေးတင်းမာမှုရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ထီးကပလယ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုထံကနေ သိရပါတယ်။ တပ်မဟာ(၆)နယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ ထီးကပလယ်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း(၈) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ရာကနေ အဲဒီဒေသအတွင်း စစ်ရေးအခြေအနေ တင်းမာနေတာပါ။…
နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၂) လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်တဲ့ အရပ်သားတွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခန်း ၁၃ ခန်းနဲ့ ပုဒ်မ ၃၄ ခု ပါဝင်တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို အရင်ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ၁၉၇၇ ခုနှစ် အမိန့်အမှတ် ၅၅…