ဝန်ကြီးချုပ်ရာထူးအတွက် ထင်ကြေးပေးခံနေရတဲ့ ဖိတာ ကို ထိုင်းရွေးကော် စစ်ဆေးမယ်

0
2982
Move Forward Party leader and prime ministerial candidate, Pita Limjaroenrat, waves to the crowd during the general election in Bangkok, Thailand, May 14, 2023. REUTERS/Jorge Silva

ဘန်ကောက် – ဇွန်(၁၄) 

ထိုင်းနိုင်ငံဝန်ကြီးချုပ်ရာထူးအတွက် ရှေ့ပြေးနေတဲ့ ဖိတာ လင်မ်ဂျာရီယွန်ရတ်ကို ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီမှု ရှိ/မရှိနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားဖို့ရှိတယ်လို့ ထိုင်းထိပ်တန်းအရာရှိက ပြောခဲ့ပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ရာထူးအတွက် ထောက်ခံမှုရရှိဖို့ ကြိုးစားနေရချိန်မှာ ထပ်မံဖြစ်ပေါ်လာတဲ့ နောက်ကြောင်းပြန်မှုဖြစ်တယ်လို့ ဆိုနေကြပါတယ်။ 

အသက်(၄၂) နှစ်အရွယ် Move Forward ပါတီခေါင်းဆောင်ဟာ ထိုင်းစစ်တပ် ကျောထောက် နောက်ခံပြုထားတဲ့ ပါတီတွေကို အံဩသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် အတိုက်အခံတွေရဲ့ တိုင်ကြားချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။ 

ဖိတာဟာ ရွေးကောက်ပွဲ စည်းမျဉ်းအရ တားမြစ်ထားတဲ့ မီဒီယာလုပ်ငန်းတစ်ခုမှာ အစုရှယ်ယာ ပိုင်ဆိုင်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ဖို့ သင်လျော်မှုရှိ/မရှိကို ထိုင်းရွေးကော်က ဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပါတယ်။ 

လက်တလောမှာတော့ ဖိတာဟာ သူပိုင်ဆိုင်တဲ့ လုပ်ငန်းစုတွေကို လွှြပြောင်းပြီးဖြစ်သလို မီဒီယာကုမ္ပဏီဟာ လက်ရှိမှာ လည်ပတ်ဆောင်ရွက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

ထိုင်းရွေးကောက်ပွဲ ဥပဒေအရ ငြိစွန်းမှုတခုခုနဲ့ ရင်ဆိုင်ရပါက ဖိတာ အနေနဲ့ ကိုယ်စားလှယ် လောင်းအဖြစ် အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်မှာဖြစ်သလို ထောင်ဒဏ်(၁၀) နှစ်နဲ့ နိုင်ငံရေးလောက ကနေအနှစ်(၂၀) အနားယူရမှာဖြစ်ပါတယ်။ 

“သံသယဖြစ်စရာကိစ္စရပ်အတွက် လုံလောက်သော သတင်းအချက်အလက်များရှိထားသလို ထိုကိုယ်စားလှယ်လောင်း အများပြည်သူရေးရာနှင့်ဆိုင်သော ရုံးလုပ်ငန်းတာဝန်နှင့် သင့်တော် ခြင်းမရှိ သို့မဟုတ် တားမြစ်ခံရမည်။ရွေးကောက်ပွဲဥပဒေအရ ဖိတာကို စစ်ဆေးသွားပါမည်”လို့  ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရိုက်တာကို စာရေးသားဖြေဆိုထားပါတယ်။ 

Move Forward ရဲ့ နိုင်ငံရေးရည်မှန်းချက်မှာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေး ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံအတွင်း ရာစုနှစ်ပေါင်းများစွာ နိုင်ငံရေးအရ လွှမ်းမိုးခဲ့တဲ့ တော်ဝင် ထောက်ခံသူ စစ်တပ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေး လူ့မလိုင် တွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေပါ တယ်။ 

ဖိတာရဲ့ ပါတီဟာ စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို လျှော့ချတာ၊ လက်ဝါးကြီးအုပ်မှုကို လျှော့ချတာနဲ့ ဝိဝါဒကွဲပြားစရာကောင်းတဲ့ ဘုရင့်ဥပဒေကို ပြန်လည်သုံးသပ်တာစတဲ့ အင်စတီ ကျူးရှင်းအပြောင်းအလဲကို လိုလားတ့ လူငယ်တွေအများဆုံးထောက်ခံတဲ့ ပါတီတစ်ခုဖြစ်ပါ တယ်။

ပါတီအနေနဲ့ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေအတွက် ပါတီအထွေထွေအတွင်းရေးမှူးရဲ့ ပြောဆို ချက်မှာ ပြည်သူရဲ့ အသံကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ 

“ရွေးကောက်ပွဲ‌ကော်မရှင်ဟာ ဖိတာ ကို အနာဂတ်မှာ အရေးယူးဆောင်ရွက်မှုတွေ လုပ်နိုင် ကောင်းတယ်။ အဲ့ဒီလိုစွပ်စွဲချက်တွေဟာလည်း လုံလောက်တဲ့သက်သေ အထောက်အထား မရှိဘူးလို့ ပါတီအနေနဲ့ ယုံကြည်တယ်” လို့ အထွေထွေအတွင်းရေးမှူးက သတင်းစာရှင်းလင်း ပွဲမှာပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.