ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲပေးသူ ၅၆ ရာခိုင်နှုန်း ရှိတယ်လို့ စစ်ကော်မရှင် ပြော
နေပြည်တော်၊ ဇန်နဝါရီ ၂၁ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲလာပေးသူ ၅၆ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ…
