2026

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်နုတ်ထွက်ဖို့ စီစဉ်

ဝါရှင်တန်၊ ဇန်နဝါရီ ၈ ရာသီဥတု ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီတို့နဲ့ ဆက်စပ်တဲ့ အဓိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွေ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန် နုတ်ထွက်ဖို့ စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။ ဇန်နဝါရီ ၇ ရက် ညနေပိုင်းမှာ အိမ်ဖြူတော်က ဖော်ပြတဲ့…

စစ်ဖက်ဆိုင်ရာစာချုပ် လာဘ်ပေးလာဘ်ယူမှုနဲ့ မလေးရှား စစ်တပ်အကြီးအကဲဟောင်းဖမ်းဆီးခံရ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၈ စစ်တပ်ရဲ့ ဝယ်ယူမှုဆိုင်ရာစာချုပ်တွေ ပါဝင်နေတဲ့ လာဘ်ပေးလာဘ်ယူမှုကို စုံစမ်းစစ်ဆေးမှုအတွင်း မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အရာရှိတွေက စစ်တပ် အကြီးအကဲဟောင်းနဲ့ တခြား လူ လေးဦးကို ဇန်နဝါရီ ၇ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ စုံစမ်းစစ်ဆေးရာမှာ အထောက်အကူ ဖြစ်စေရေး စစ်တပ် အကြီးအကဲဟောင်းနဲ့ သူ့ရဲ့ ဇနီးသည် နှစ်ယောက်ကို ဖမ်းဆီးထားရေး…

မွန်မှာ ရွေးကောက်ပွဲ အပိုင်း၂ အတွက် ကြိုတင်မဲတွေ မဖြစ်မနေပေးခိုင်းနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၉ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း၂ အတွက် ကြိုတင်မဲတွေ မဖြစ်မနေ ပေးခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း၂ ကို မွန်ပြည်နယ်ရဲ့ မြို့နယ်တွေ…

ရွေးကောက်ပွဲကာလ တောင်ပိုင်းဒေသမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၉ အပိုင်း ၁ ရွေးကောက်ပွဲ စတင်ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတို့မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ လစဉ်ခြုံငုံသုံးသပ်ချက်ကနေ သိရပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ လှုပ်ရှားမှုဒေသတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေအပေါ်…

ရွေးကောက်ပွဲကျင်းပမယ့် လှိုင်းဘွဲမှာ စစ်ကြောင်းထိုးထားလို့ ဒေသခံတွေ ကြိုတင်တိမ်းရှောင်

လှိုင်းဘွဲ၊ ဇန်နဝါရီ ၉ ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ကြောင့် ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေတဲ့ ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်ထွက် ပြေးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းကို လုံခြုံရေးယူဖို့အတွက်ဆိုပြီး အကြောင်းပြကာ ဇန်နဝါရီလ ပထမအပတ်ကစပြီး စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း…

မုဒုံ ကတုံပေါ်ရွာ မီးလောင်မှုကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီး

မုဒုံ၊ ဇန်နဝါရီ ၈ မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံပေါ်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီမီးလောင်မှုဟာ ကျေးရွာမြောက်ပိုင်း ကွက်သစ်ရပ်ရှိ နေအိမ်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေတိုက်ခတ်မှုတွေကြောင့် မီးလောင်တဲ့နေအိမ် များသွားတာလို့ ဆိုပါတယ်။…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိမှန်ဒဏ်ရာရ

တနင်္သာရီ၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ် ခတ်မှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်ရဲ့ ညောင်ပင်ကွင်းကျေးရွာအ ခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက လက်နက်ကြီး…

ရေးမှာ ရွေးကောက်ပွဲ မဲလာပေးဖို့ စစ်ကော်မရှင် နေ့စဉ်လိုက်လံနှိုးဆော်

ရေး၊ ဇန်နဝါရီ ၈ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ မဲလာပေးကြဖို့ အသံချဲ့စက်တွေနဲ့ နေ့စဉ်လိုက်လံနှိုးဆော်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ဇန်နဝါရီ ၁ ရက်နေ့ကစလို့ ရေးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ ရွေးကောက်ပွဲ မဲလာပေးကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဘက်က မဲလာပေးဖို့ နေ့တိုင်းလိုက်လံနှိုးဆော်နေပေမယ့် ရပ်ကွက်ရုံးတွေမှာ…

ကြိုတင်မဲနဲ့ စစ်ကော်မရှင်ခန့် မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်ရ

ချောင်းဆုံ၊ ဇန်နဝါရီ ၈ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ကြိုတင်မဲနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးအောင်ကြည်သိန်းဟာ မဲရုံမဲအရေအတွက် ၁၉,၀၀၀ နီးပါး၊ ကြိုတင်မဲ ၂,၁၀၀ ကျော်…

ဗင်နီဇွဲလားရဲ့ ရေနံရောင်းချမှုတွေကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်သွားမယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၈ ကမ္ဘာ့ ဈေးကွက်တွေမှာ ဗင်နီဇွဲလား ရေနံစိမ်းတွေကို တားမြစ် ကန့်သတ်ထားမှု ပြန်ရုတ်သိမ်း ပေးဖို့ ပြင်ဆင်နေချိန်မှာ ဗင်နီဇွဲလား ရေနံတွေ ရောင်းချမှုကို အမေရိကန်က အချိန် အကန့်အသတ်မရှိ ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ရေနံစည်ပေါင်း သန်း ၃၀ ကနေ သန်း ၅၀ အထိ စတင်ရောင်းချမယ်လို့…