October 25, 2026

MUP က ပါတီရှင်သန်ရေးအတွက် စစ်အုပ်စုနဲ့ အပေးအယူ လုပ်နေရ

မော်လမြိုင် ၊ အောက်တိုဘာ ၂၅ မွန်ညီညွတ်ရေးပါတီ MUP က လူ့အသိုက်အဝိုင်းအတွင်း စိမ့်ဝင်ပျံ့နှံ့အောင် ပါတီအုတ်မြစ်ချရမယ့်အစား အာဏာပိုင်အုပ်စုနဲ့ အပေးအယူလုပ်ပြီး ပါတီရှင်သန်ရေးကိုသာ လုပ်ဆောင်နေရတယ်လို့ အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်တဲ့ သုတေသနစာတမ်းတစ်စောင်က ဖော်ပြပါတယ်။ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ ရာမညဒေသလေ့လာရေးဌာန CRS က မွန်ညီညွတ်ရေးပါတီနဲ့ပတ်သက်ပြီး ပါတီရှင်သန်ရေးအတွက်လား မွန်ပြည်သူကောင်းစားရေးအတွက်လား စစ်အာဏာရှင်တရားဝင်ရေးအတွက်လားဆိုတဲ့…

မွန်မှာ သီတင်းကျွတ်ပွဲတော်တွေနဲ့အတူ လောင်းကစားဝိုင်းတွေပြန်စ

မော်လမြိုင် ၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ အခုရက်ပိုင်းကစလို့ သီတင်းကျွတ် ပွဲတော်ကာလ ပွဲလမ်းသဘင်တွေနဲ့အတူ လောင်းကစားဝိုင်းတွေ ပြန်လည်ကျင်းပနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောင်းကစားဝိုင်းတွေဟာ ပြီးခဲ့တဲ့ မိုးတွင်းကာလက ပွဲလမ်းသဘင်တွေနဲ့အတူ နားထားပေမယ့် အခိုင်အမာ ရုံတွေနဲ့ ရှိနေပြီး လက်ရှိမှာတော့ အများပြည်သူ သွားလာလည်ပတ်တဲ့ ပွဲလမ်းသဘင်တွေမှာ ပြန်လည်ထည့်သွင်း ကျင်းပနေတာပါ။ လောင်းကစားဝိုင်းတွေ…

ထိုင်းကုန်ပစ္စည်း မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၅ အာဏာသိမ်း စစ်တပ်ရဲ့ သွင်းကုန်ပိတ်ဆို့ကန့်သတ်မှုတွေနဲ့ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ပြည်တွင်းမှာ ထိုင်းကုန်ပစ္စည်းတွေ ရှားပါးလာပြီး မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနေတယ်လို့ ကုန်သည်တွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေပြီး တရားဝင်လမ်းကြောင်းတွေကနေ ထိုင်းကုန်ပစ္စည်းတွေကို လွတ်လပ်စွာသယ်ယူခွင့်မရရှိတာကြောင့် ကုန်သည်တွေအများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့ တောတွင်းလမ်းတွေကနေ ကုန်ပစ္စည်းတွေကို နယ်စပ်ကနေ ပြည်တွင်းထဲအထိ…