မကွေး ဩဂုတ် ၂၈

မကွေးတိုင်း ဆောမြို့နယ်က အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သား ပြည်သူ့စစ်တွေကိုပါ အသုံးပြုလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ယောဒေသကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာဟာ ၃ လကျော်ကြာမြင့်လာပြီဖြစ်ပြီး ကလေးစစ်သားတွေ အသုံးပြုတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆယ့်နှစ်​ယောက်လောက်ရှိတယ် စစ်ဆေးရေးလုပ်နေတာကို တွေ့ခဲ့ရတယ်။တချို့ကားသမားတွေက ကလေးတွေကို မုန့်ပေးဘာပေးနဲ့ပေးတာတွေရှိတယ်။”လို့ ​ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆောမြို့နယ်ဘက်ကို လောင်းရှည် ကပစကနေ စစ်ကူရောက်လာတဲ့ စစ်ကြောင်းတွေမှာ ကလေးစစ်သားတွေ ပါဝင်လာတယ်လို့ ယူဆကြပြီး အသက်ရွယ်အားဖြင့် ၁၄ နှစ်၊ ၁၅ နှစ်ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ယောဒေသကို အာဏာသိမ်း စစ်တပ်စစ်ကြောင်း အင်အား ထောင်ကျော်နဲ့ မေလကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကျော်ဟာ ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီး ထွက်ပြေးတာတွေ ဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်တွေရှိပေမဲ့ အသက်မပြည့်သေးသူတွေကို မတွေ့ရှိရသေးဘူးလို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်ကနေ ဖြစ်ပွားခဲ့တဲ့ ဆောမြို့နယ်တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ၉ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပြီး ကားနဲ့လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိတယ်လို့လည်း မကွေးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.