June 2026

ကမ္ဘာကြီး အကြီးအကျယ် ပြဿနာကြုံနေပြီလို့ ပုပ်ရဟန်းမင်းကြီး သတိပေး

မက်ဒရစ်၊ ဇွန် ၉ ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာ၊ နှစ်ခြမ်းကွဲမှုတွေ ပိုမိုနက်ရှိုင်းလာတာ၊ လူ့အခွင့်အရေးကို မလေးစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေတာကြောင့် ကမ္ဘာကြီးကို ကြီးမားတဲ့ ပြဿနာထဲ တွန်းပို့နေတယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက စပိန် လွှတ်တော်မှာ ဇွန် ၈ ရက်က မိန့်ကြားလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့ အကျယ်ပြန့်ဆုံး နိုင်ငံရေးဆိုင်ရာ မိန့်ခွန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။…

ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

ဒါကာ၊ ဇွန် ၉ အီဘိုလာ ရောဂါကြောင့် အတည်ပြုပြီး သေဆုံးသူ အရေအတွက် ၁၀၁ ဦးအထိ ရှိလာပြီး ဖြစ်ကြောင်း ကွန်ဂို ဒီမိုကရက် ပြည်ထောင်စုက ဇွန် ၈ ရက်မှာ ပြောလိုက်ပါတယ်။ ရောဂါ ပျံ့နှံ့မှု အများဆုံး ဖြစ်ပွားရာ ဒေသမှာ ရောဂါ တုံ့ပြန်ရေး ဆောင်ရွက်မှုတွေကို လက်နက်ကိုင်အဖွဲ့တွေက ဆက်လက် တားဆီးနေတယ်လို့…

စစ်အစိုးရ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ မေးခွန်းတွေသာ မေးမြန်းကြဖို့ မွန်လွှတ်တော် ဥက္ကဋ္ဌ ပြော

မော်လမြိုင်၊ ဇွန် ၉ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆို၊မေးခွန်းတွေကိုသာ ဦးစားပေး မေးမြန်းတင်သွင်းကြဖို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောပါတယ်။ မနေ့ ဇွန် ၈ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်ရုံးမှာ ကျင်းပတဲ့ အဆို၊မေးခွန်းတွေနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ ဦးသက်ထွေးက မေးခွန်းနဲ့အဆိုတွေ…

စစ်အာဏာသိမ်း (၁၉၅၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၈၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၉ AAPP ရဲ့ ဇွန်၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၅၄) ရက်အတွင်း ပြည်သူ (၈၀၈၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၂၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၅၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စစ်ရေးစုဖွဲ့မှုနဲ့အတူ သံတမန်ရေးမှာလည်း အရှိန်မြှင့်လာတဲ့ SCEF

မော်လမြိုင် ၊ ဇွန် ၉ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် CRPH နဲ့ တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ K3C တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ဟာ လက်ရှိမှာ စစ်ရေးစုဖွဲ့မှုနဲ့အတူ သံတမန်ရေးမှာလည်း အရှိန်မြှင့်လာနေပါတယ်။ ပြီးခဲ့တဲ့ မေနှောင်းပိုင်းမှာ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်ရာ…

မွန်က ခရီးသည်တင်ယာဉ်တွေ ထိုင်းကုန်ပစ္စည်းမသယ်ဖို့ စစ်အစိုးရသတိပေး

မော်လမြိုင် ၊ ဇွန် ၉ မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်တွေအနေနဲ့ ထိုင်းကုန်ပစ္စည်းတွေ မသယ်ဆောင်ဖို့ စစ်အစိုးရ လက်အောက်ခံ ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီက သတိပေးထားတယ်လို့ ယာဉ်လိုင်း လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ တရားမဝင် ကုန်ပစ္စည်းတွေ သယ်ဆောင်နေတာကို စစ်ဆေးတွေ့ရှိရတဲ့ အတွက် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု…

မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို ပိုက်စိပ်တိုက် ဖမ်းဆီးနေ

မြဝတီ၊ ဇွန် ၉ မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီမြို့မှာ စစ်ကော်မရှင်တပ်က ထိုင်းကုန်ပစ္စည်းတွေကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး အမှတ် ၂ တံတားမှာလည်း ထိုင်းသွင်းကုန်တွေကို ဝင်ရောက်ဖြတ်သန်းခွင့် မပေးသေးဘူးလို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရက် ၁၀၀ စီမံချက်ကာလမတိုင်ခင်က ကရင်ပြည်နယ် နယ်စပ်မြို့ မြဝတီနဲ့ ဘားအံ၊ ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကော်မရှင်က နယ်စပ်ကနေ ဝင်ရောက်လာတဲ့…

နိုင်ဂျီးရီးယားရှိ စားနပ်ရိက္ခာ မဖူလုံသူတွေအတွက် ထိုင်းက ဆန် ၁၂ ဒသမ ၄ မက်ထရစ် တန် လှူဒါန်း

အဘူဂျာ၊ ဇွန် ၈ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရသူတွေ အတွက် ထိုင်းအစိုးရက အမေရိကန် ဒေါ်လာ ၂၂၀၀၀ တန်ဖိုးရှိတဲ့ ဆန် ၁၂ ဒသမ ၄ မက်ထရစ်တန်ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP သို့ လှူဒါန်းခဲ့ ပါတယ်။ ထိုင်းအစိုးရ ကိုယ်စား နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ…

ရွေးကောက်ပွဲ လိမ်လည်တယ်ဆိုတဲ့ ပြောဆိုမှုကိစ္စ ဒေါ်နယ်ထရန့်နဲ့ NBC တင်ဆက်သူတို့ အငြင်းပွား

ဝါရှင်တန်၊ ဇွန် ၈ ရွေးကောက်ပွဲ လိမ်လည်မှုဆိုင်ရာ ပြောဆိုမှု တချို့နဲ့ ပတ်သက်လို့ NBC အစီအစဉ် တင်ဆက်သူ ခရစ်စတန် ဝယ်ကာရဲ့ စိန်ခေါ်မှုနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ဟာ အဲဒီသတင်းဌာနနဲ့ ပြုလုပ်နေတဲ့ အင်တာဗျူးကို ရုတ်ချည်းအဆုံးသတ်ပြီး ထွက်ခွာသွားခဲ့ပါတယ်။ ဇွန် ၇ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ Meet…

ပုလောနဲ့လောင်းလုံးမှာ မိုင်းထိလို့ အရပ်သား လေးဦး ဒဏ်ရာရ

ပုလော၊ ဇွန် ၈ တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ တစ်ရက်တည်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ လေးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ပုလောမြို့နယ် မှော်မိကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဒေါ်ခိုင်ဇင်နွယ်နဲ့ သားဖြစ်သူ အသက် ၁၂…