ဘန်ကောက်၊ မေ ၂၀

ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၃၀ ထက်ကျော်လွန် နေထိုင်မယ်ဆိုရင် ဗီဇာ လျှောက်ထားရမယ့် နိုင်ငံပေါင်း ၉၀ ကျော်ထဲမှာ ဗြိတိန်နိုင်ငံလည်း ပါဝင်လာပါတယ်။

၂၀၂၄ ဇူလိုင်လကတည်းက ထိုင်းနိုင်ငံသို့ ရက်ပေါင်း ၆၀ ဗီဇာ မလိုပဲ ဝင်ရောက်ခွင့်ရှိတဲ့ နိုင်ငံ ၉၃ နိုင်ငံ ရှိခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါပြီးနောက် နိုင်ငံ့စီးပွားရေး အားကောင်းလာစေရေး ထိုင်းအစိုးရက အဲဒီလို စီစဉ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မေ ၁၉ ရက်က ခွင့်ပြု အစီအစဉ်မှာ အဲဒီခြွင်းချက်ကို ပယ်ဖျက်လိုက်ပြီး ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဘယ်လောက်ကြာကြာ နေထိုင်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး အာဏာပိုင်တွေက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက လုံခြုံရေးနဲ့ ဗီဇာဆိုင်ရာ ရှုပ်ထွေးမှုတွေကြောင့် အခုလို အပြောင်းအလဲ လုပ်ရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ထိုင်းမှာ မူးယစ်ဆေးဝါးနဲ့ လိင်မှောင်ခိုကူးမှုတွေ အပါအဝင် နိုင်ငံခြားသားတွေ ဖမ်းဆီးခံရမှု အများအပြား ရှိနေပါတယ်။

လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ပိုပြီး သင့်တော်မယ့် မူဝါဒ လိုအပ်တယ်လို့ အစိုးရက လေ့လာ တွေ့ရှိထားကြောင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောထားပါတယ်။

ထိုင်းနိုင်ငံသို့ ဗီဇာ မလိုဘဲ ဝင်ရောက် နေထိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေထဲမှာ သြစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အိန္ဒိယ၊ စပိန်နဲ့ အမေရိကန် နိုင်ငံသားတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနိုင်ငံသားတွေအနေနဲ့ ထိုင်းမှာ ရက်ပေါင်း ၃၀ ထက် ကျော်လွန်နေထိုင်မယ်ဆိုရင် ဗီဇာ လျှောက်ထားရတော့မှာ ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗီဇာ လျှောက်ထားရမယ့် စနစ်သစ်ကို ထိုင်း တော်ဝင်သတင်းဌာနက ဖော်ပြပြီးနောက် ၁၅ ရက်အတွင်း အသက်ဝင်လာမှာ ဖြစ်ပြီး ဥပဒေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်ဆိုင်ရာတွေကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အာရှရဲ့ အားလပ်ရက် ခရီးသွားစရာ ထိပ်တန်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး သူတို့ နိုင်ငံရဲ့ စီးပွားရေးအရ အဓိက ဝင်ငွေ ရရှိနေတဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြည်ပ ခရီးသည် သန်း ၄၀ ဝင်ရောက်ခဲ့ပေမယ့် ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ခရီးသည် သိသိသာသာ လျော့ကျခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်မှာ ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွားကဏ္ဍ ပြန်ပြီး နလန်ထခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သူ ၁၂ သန်းလောက်ရှိကြောင်း တရားဝင် စာရင်းဇယားတွေအရ သိရပါတယ်။

ဒါပေမဲ့ မကြာသေးခင် လတွေက မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ ဗြိတိန် နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အများအပြား ဖမ်းဆီးခံခဲ့ရ ပါတယ်။

မြို့တော် ဘန်ကောက်မှာ လိုင်စင် မရှိဘဲ ဖွင့်ထားတဲ့ နိုင်ငံတကာ ကျောင်း တစ်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလအတွင်း စီးနင်းပြီး အလုပ်လုပ်ခွင့် ပါမစ် မရှိဘဲ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၁၀ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းမှာ မြန်မာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံက လာရောက်သူတွေ လျော့ကျသွားခဲ့ပါတယ်။

ထိုင်းကတဆင့် ပြန်ပေးဆွဲပြီး မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေဆီ ရောင်းစားခံရသူ နိုင်ငံခြားသားတွေလည်း အများကြီး ရှိနေပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.