ဘားအံမှာ သင်္ကြန်ပွဲတော် စည်ကားအောင် ကျင်းပဖို့ စစ်ကော်မရှင် ပြင်ဆင်
ဘားအံ၊ ဧပြီ ၄ ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့်သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် နန်းဖော့အွာလို့ခေါ်တဲ့ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပပြုလုပ်သွားမယ်လို့ ပြည်နယ်စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်ပြည်နယ် စစ်ကော်မရှင်ဟာ ဘားအံမြို့ သီရိကွင်းမှာ ဗဟိုမဏ္ဍပ်နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာ ဌာနဆိုင်ရာမဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်၊ ချစ်သူလမ်းကြားမှာ လမ်းလျှောက်သင်္ကြန်နဲ့ လွှတ်တော်ရုံးအဆောက်အဦးရှေ့မှာ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် နန်းဖော့အွာလို့…
