March 2026

စစ်အာဏာသိမ်း (၁၈၆၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၈၅၉) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၂ AAPP ရဲ့ မတ်၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၆၅) ရက်အတွင်း ပြည်သူ (၇၈၅၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၆၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၀၉၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မွန်မှာ စက်သုံးဆီမရှိလို့ ဆီဆိုင်အများစု အရောင်းပိတ်

မော်လမြိုင် ၊ မတ် ၁၂ စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စစ်ကော်မရှင် ကြွေးကြော်ထားပေမယ့် မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဆီဆိုင်အများစု အရောင်းပိတ်ထားတဲ့အတွက် ဝယ်ယူဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာ ရှိပြီး ဆိပ်ကမ်းမှာ မချရသေးတဲ့ ဆီသင်္ဘော နှစ်စင်းနဲ့…

ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ မတ် ၁၂ လာမယ့်ရက်ပိုင်းအတွင်း လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူပြီး ဧပြီလဆန်းမှာ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ရှိနေတဲ့အပေါ် ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆက်လုပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှု ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး မတ် ၁၀ ရက်နေ့က နေပြည်တော်မှာ…

မြဝတီမှာ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀,၀၀၀ အထိ ဈေးခုန်တက်

မြဝတီ၊ မတ် ၁၂ ကရင်ပြည်နယ် မြဝတီမြို့မှာ စက်သုံးဆီတွေကို အကန့်အသတ် တန်းစီစောင့်ဆိုင်းစနစ်နဲ့ ဝယ်ယူနေရဆဲဖြစ်သလို စက်သုံးဆီဈေးနှုန်း ပြင်ပပေါက်ဈေး မှောင်ခိုဈေးဟာ တစ်လီတာကို ကျပ် ၂၀၀၀၀ နီးပါးအထိ မြင့်တက်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ်လ ၁၁ ရက်နေ့က မြဝတီမြို့ပေါ်က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ ရောင်းချပေးနေပြီး…

ထိုင်းမှာ ညအချိန် ဓာတ်ဆီဆိုင်တွေ ပိတ်ထားဖို့ စီစဉ်

ဘန်ကောက်၊ မတ် ၁၁ အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ အဆိုးရွားဆုံး အခြေအနေ ဖြစ်လာခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံတဝှမ်း ဓာတ်ဆီတွေကို ညနှောင်းပိုင်းအချိန်တွေမှာ ပတ်ထားဖို့ အစိုးရက စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်ရလောက်တဲ့ အထိ မပြင်းထန်သေးဘူးလို့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ အရှေ့အလယ်ပိုင်း…

အစိုးရကို ဆန့်ကျင်ဆန္ဒပြရင် ပစ်သတ်ဖို့ အဆင်သင့်ပဲလို့ အီရန် ရဲချုပ် ပြော

တီဟီရန်၊ မတ် ၁၁ အစိုးရကို ဆန့်ကျင် ဆန္ဒပြဖို့ စဉ်းစားနေတဲ့ ပြည်သူတွေကို အာဏာပိုင်တွေက လက်စားချေ တိုက်ခိုက်နေတဲ့ ရန်သူတွေလို ဆက်ဆံ ဖြေရှင်းသွားမှာ ဖြစ်ကြောင်း အီရန် ရဲချုပ်က ပြောလိုက်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုတွေကို အီရန်မှာ ထောက်ခံသူတွေရော မထောက်ခံသူတွေရော အများကြီး ရှိပါတယ်။ အီရန်က ဟောမု့ဇ် ရေလက်ကြားကို…

တနင်္သာရီက စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၁၅ ဦးအထိ ရှိလာ

ပုလော၊ မတ် ၁၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်ထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်လောက်မှာ တနင်္သာရီမြို့နယ် တဖီလေးခိုကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀…

ရခိုင်မှာ စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရလို့ လူပေါင်း ၁၁၆ ဦး သေဆုံး

အမ်း၊ မတ် ၁၁ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို…

စစ်တပ် ဓားစာခံ ပြည်သူ ၃၀၀ ကျော်ကို PDF ပူးပေါင်းအဖွဲ့ ကယ်ထုတ်

ညောင်လေးပင်၊ မတ် ၁၁ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က ကျေးရွာ သုံးရွာမှာ စစ်ကော်မရှင်တပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့ ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစလို့ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်း၊ ခရုကုန်းနဲ့ကျောင်းကုန်းကျေးရွာတို့ကို…

ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ဦး လောင်စာဆီ မှောင်ခိုကူးမှုနဲ့ ဖမ်းဆီးခံရ

ဘန်ကောက်၊ မတ် ၁၁ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာ တင်ပို့မှု တားမြစ်လိုက်ပြီး ရက်ပိုင်းအကြာမှာ ထိုင်းနိုင်ငံ ပြင်ပသို့ ဒီဇယ် ၁၂၀ လီတာ မှောင်ခိုခိုးထုတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ နိုင်ငံသား တစ်ဦးကို ရဲတပ်ဖွဲ့ မတ် ၁၀ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အဲဒီ မြန်မာနိုင်ငံသားဟာ မတ်…