March 15, 2026

တပ်ချုပ် ရာထူးစွန့်မယ့် အလားအလာရှိတဲ့ စစ်ခေါင်းဆောင်က နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီလို့ပြော

နေပြည်တော် ၊ မတ် ၁၄ မကြာခင်ကာလအတွင်း အစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မယ့် အခြေအနေမှာ တပ်ချုပ်ရာထူးကနေ စွန့်ခွာတော့မယ့် အလားအလာရှိနေတဲ့ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေ ရှိနေပြီလို့ ပြောဆိုလာပါတယ်။ နေပြည်တော်မှာ မတ် ၁၃ ရက်နေ့က စတင်ပြီး နှစ်ရက်တာ ကျင်းပတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး…

စက်သုံးဆီဝယ်မရလို့ မွန်ပြည်နယ်က ငါးဖမ်းလှေအများစု လုံးဝရပ်နားလိုက်ရ

မော်လမြိုင် ၊ မတ် ၁၅ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်က စတင်ကာ စက်သုံးဆီတွေကို ပုံးတွေ၊ စည်တိုင်ကီတွေနဲ့ ဝယ်ယူလို့ မရတော့တာကြောင့် ငါးဖမ်းရာသီ မကုန်ခင် ငါးဖမ်းလှေ အများစု လုံးဝ ရပ်နားလိုက်ရပြီ ဖြစ်တယ်လို့ ရေလုပ်ငန်း လုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီတွေကို ပုံးတွေ၊ ပေပါတိုင်ကီတွေနဲ့…

မြဝတီတောင်ဘက် ထိုင်းနယ်စပ်က ပလောတပို့ စစ်ရှောင်စခန်းကို စစ်တပ် ဒရုန်းနဲ့ တိုက်ခိုက်

မြဝတီ မတ် ၁၅ မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးမှာရှိတဲ့ ပလောတပို့စစ်ရှောင်စခန်းကို မတ် ၁၄ ရက် နေ့လယ်ပိုင်းက စစ်ကော်မရှင်တပ်က ကာမီကာဇယ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ တစ်ဦးသေဆုံးကာ စစ်ရှောင် တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေနဲ့ ဒေသခံသတင်းရင်းမြစ်ဆီက သိရပါတယ်။ မတ် ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က ကာမီကာဇယ်အသေခံဒရုန်း…