ဝါရှင်တန်၊ မတ် ၁၄
အမေရိကန်သမ္မတ ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကြား ဆွေးနွေးမှုတွေပြန်လည် စတင်ရေး တောင်ကိုရီးယား ဝန်ကြီးချုပ် ကင်မင်ဆိုးလ်က တိုက်တွန်းခဲ့ကြောင်း တောင်ကိုရီးယား အစိုးရပိုင် Yonhap သတင်းဌာနက မတ် ၁၄ ရက်မှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖူးတဲ့ အမေရိကန် ခေါင်းဆောင်ဆိုတာ ထရန့် တစ်ဦးတည်းပဲ ရှိပြီး ကိုရီးယားကျွန်းဆွယ်က ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
ဒေါ်နယ် ထရန့်ကလည်း ကင်ဂျုံအန်အနေနဲ့ အမေရိကန် ဒါမှမဟုတ် မိမိနဲ့ဆက်သွယ် ဆွေးနွေးလိုသလားဆိုတာကို မေးခွန်းထုတ်ထားပါတယ်။
အမေရိကန်က ဗင်နီဇွဲလား ခေါင်းဆောင် မာဒူရိုကို ဝင်ရောက်ရှင်းလင်းပြီး အရှေ့အလယ်ပိုင်းမှာ စစ်အင်အား သုံးနေချိန်နဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးးလေ့ကျင့်မှုတွေ လုပ်မယ်လို့ ကြေညာထားချိန်မှာ မြောက်ကိုရီးယားရဲ့ လေသံ အခုလိုမျိုး ပြောင်းလဲလာတာ ဖြစ်ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့ဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်က တွေ့ဆုံခဲ့ဖူးပေမယ့် မြောက်ကိုရီးယား နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက်လို့ သဘောတူညီမှု မရခဲ့ပါဘူး။
ဒီအတောအတွင်း ထရန့်နဲ့ ကင်ဂျုံအန်ကြား တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယား အကြီးတန် အရာရှိ တစ်ဦးက ပြောပါတယ်။
ကင်နဲ့ ထရန့်ကြား မတ် ၁၃ ရက် တွေ့ဆုံခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိ တစ်ဦးက ပြောပေမယ့် အတည်ပြုချက် မရသေးကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
Ref:Reuters

