လန်ဒန်၊ မတ် ၆
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ကနဦး တိုက်ခိုက်မှုများ အတွင်း မပါဝင်ရေး မိမိဆုံးဖြတ်ခဲ့တဲ့အတိုင်း ဆက်လက်ရပ်တည်မှာ ဖြစ်ကြောင်းနဲ့ဆွေးနွေးမှုဟာ အကောင်းဆုံး ရှေ့ဆက်မယ့် နည်းလမ်း ဖြစ်မယ်လို့ ပြောပါတယ်။
ဒေါင်းနင်းလမ်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ်က ဗြိတိန်အနေနဲ့ တစ်ခုခု လုပ်ဖို့ ဖိအားဘယ်လိုပဲ ရှိရှိ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေ၊ အခြေခံမူတွေနဲ့ အတူရပ်တည်ဖို့ အင်အားရှိတယ်လို့ ဆိုပါတယ်။
အီရန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ အကောင်းဆုံး ရှေ့ဆက်နိုင်မယ့် နည်းလမ်း ဖြစ်ပြီး သူတို့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို စွန့်လွှတ်ရမယ်လို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။
ဒါဟာ ဗြိတိန်ရဲ့ ကာလကြာရှည်ရပ်တည်မှု ဖြစ်ပြီး စစ်ပွဲ အရှိန်လျှော့ချရေး ကြိုးပမ်းသင့်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
အီရန်စစ်ပွဲဟာ အချိန်အတိုင်းအတာ တစ်ခုအထိ ကြာနိုင်ကြောင်းနဲ့ ကာတာသို့ Typhoon တိုက်လေယာဉ် နောက်ထပ် လေးစီး စေလွှတ်ထားတယ်လို့ စတာမာက ပြောပါတယ်။
အီရန်ကို ကနဦး တိုက်ခိုက်မှုတွေအတွင်း ဗြိတိန်က သူတို့ရဲ့ စစ်အခြေစိုက်စခန်းတွေကို အသုံးပြုခွင့် ငြင်းပယ်ခဲ့တာကြောင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဝန်ကြီးချုပ် စတာမာကို ဝေဖန်ထားပြီး သူဟာ ဝင်စတန် ချာချီ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ဗြိတိန် အခြေစိုက်စခန်းတွေ အသုံးပြုခွင့်ပေးရေး အမေရိကန်နဲ့ ပန်ကြားချက်ကို ဗြိတိန်က ခွင့်ပြုထားပြီး ဖြစ်ပေမယ့် ခုခံ ကာကွယ်ရေးအတွက်ပဲ သုံးရမယ်လို့ ဆိုထားပါတယ်။
ကနဦး ဆုံးဖြတ်ချက်ဟာ ထိတ်လန့်စရာကောင်းတယ်လို့ ထရန့်က ပြောကြားပြီး အမေရိကန်-ဗြိတိန် ဆက်ဆံရေ အရင်လို မဟုတ်တော့ဘူးလို့ ပြောဆိုခဲ့တာပါ။
စတာမာက ဗြိတိန်အနေနဲ့ ထောက်လှမ်းရေး သတင်းတွေကို အမေရိကန်သို့ ၂၄ နာရီ တစ်ပတ်လုံး ဝေမျှပေးနေပြီး အမေရိကန်နဲ့ အထူးဆက်ဆံရေးကောင်း ရှိတယ်လို့ မတ် ၅ ရက်မှာ ပြောဆိုပါတယ်။
ဗြိတိန်က အရှေ့အလယ်ပိုင်းရှိ သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အီရန် စစ်ပွဲ အရှိန်မြင့်နေတာကြောင့် ပထမဆုံး လေကြောင်းခရီးစဉ်တောင် နောက်ဆုတ်ထားရပါတယ်။
ဗြိတိန်အနေနဲ့ အီရန် စစ်ပွဲ ဖြစ်လာနိုင်ခြေအတွက် ကြိုတင်ဆင်မှုတွေ မလုပ်ခဲ့ဘူးဆိုတဲ့ ပြောဆိုမှုတွေကို စတာမာက ပယ်ချထားပါတယ်။
ဘာရိန်းနဲ့ ဆိုက်ပရပ်စ်ရှိ ဗြိတိန် အခြေစိုက်စခန်းတွေကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဝေဖန်ခံနေရပါတယ်။
Ref:BBC

