မြန်မာအခြေစိုက် ကျားဖြန့်ဂိုဏ်းကြီး နှစ်ဂိုဏ်းကို အပြီးတိုင် ဖြိုခွင်းပြီးပြီလို့ တရုတ် ထိပ်တန်း တရားရုံး ကြေညာ
ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၇ လူ ၁၆ ဦးကို သေဒဏ်ချမှတ်မှုနဲ့အတူ နယ်စပ် ဖြတ်ကျော် အွန်လိုင်း လိမ်လည်မှုတွေနောက်ကွက်မှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံ အခြေစိုက် ရာဇဝတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကိုအပြီးတိုင် ဖြိုခွင်းပြီး ဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်း တရားရုံးက ဖေဖော်ဝါရီ ၂၆ ရက်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက ရာဇဝတ်လုပ်ငန်း ကွန်ရက်တွေကို ထိန်းချုပ်ထားတဲ့ မိသားစု…
