ဘန်ကောက်၊ ဖေဖော်ဝါရီ ၃

မြန်မာနဲ့အာဆီယံကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးဖို့ ထိုင်းအစိုးရက ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကတ်ကွေးက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က အမျိုးသားလုံခြုံရေးကောင်စီနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုး ပြောကြားခဲ့တာပါ။

မြန်မာ စစ်တပ်အရာရှိတွေနဲ့ စေ့စပ်နိုင်မယ့် နည်လမ်းတွေကို ဆွေးနွေးရေး မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံး အခြေအနေကို လေ့လာရေး အဲဒီ အစည်းအဝေးကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စေ့စပ်နိုင်မယ့် နည်းလမ်းတွေကိုလည်း လေ့လာနေပါတယ်။

ဒါ့အပြင် အွန်လိုင်း လူလိမ်လုပ်ငန်းတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေး နှစ်နိုင်ငံကြား မြစ်ရေ ညစ်ညမ်းမှု တိုက်ဖျက်ရေး နည်းလမ်းတွေကိုလည်း ထိုင်းအရာရှိတွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ ပြည်တွင်းစစ်ကြောင့် အနှောင့်အယှက် ဖြစ်နေတဲ့ နယ်စပ်ကုန်သွယ်မှု ပြန်လည် အသက်ဝင်လာစေရေး နည်းလမ်းတွေကိုလည်း ထိုင်းအရာရှိတွေ ဆွေးနွေးခဲ့ကြပါတယ်။

တင်းမာမှု လျှော့ချရေး၊ တည်ငြိမ်မှု ပြန်လည်ရရှိရေး၊ မြန်မာ့ ပြဿနာနဲ့ပတ်သက်လို့ ထိုင်းရဲ့ သံတမန်ရေးဆိုင်ရာ ရပ်တည်ချက် ရှင်းရှင်းလင်းလင်း ရှိရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးအပြီးမှာ မြန်မာ စစ်တပ်နဲ့ရော တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပါ ဆက်ဆံရေး တဖြေးဖြေး တိုးမြှင့်ရေး ထိုင်းအရာရှိတွေ သဘောတူညီခဲ့ကြပါတယ်။

မြန်မာ စစ်တပ်အရာရှိတွေနဲ့ ထိုင်းအရာရှိတွေ ဆွေးနွေးမှုသွားမှာ ဖြစ်ကြောင်းနဲ့ ဆွေးနွေးမှု အဆင်ပြေရင် အာဆီယံအဆင့်မှာ တင်ပြသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လောလောဆယ် အာဆီယံက မြန်မာ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။
Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.