စစ်အနိုင်တိုက်နိုင်ရေး ရည်မှန်းချက် အကောင်အထည်ဖော်မယ်လို့ NUG ကြွေးကြော်
မော်လမြိုင် ၊ ဇန်နဝါရီ ၃၃ အခုနှစ်ဆန်းပိုင်းအတွင်း စစ်တပ်က ရွေးကောက်ပွဲကို အပြီးသတ်ကျင်းပဖို့ ကျန်ရှိနေချိန်မှာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်အနိုင်တိုက်မယ်လို့ ၂၀၂၆ နှစ်ဦးမှာ ကြွေးကြော်လာပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ်လို့…
