2026

ကရင်ဝန်ကြီးချုပ်အဖြစ် ဦးစောမြင့်ဦး ပြန်လည်ရွေးချယ်ခံရ

ဘားအံ၊ ဧပြီ ၆ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးစောမြင့်ဦး ပြန်လည်ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။ ဒီကနေ့ ဧပြီ ၆ ရက်နေ့မှာ ကျင်းပတဲ့ ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးကိုပဲ ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ ရွေးချယ်ခဲ့တာပါ။ ဦးစောမြင့်ဦး ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခန့်အပ်လိုက်တာကြောင့် သူ့ကိုထောက်ခံသူတွေက ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။ လက်ရှိပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့…

ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ဖို့ အီရန်ကို ထရန့် နောက်ဆုံးအကြိမ် ရာဇသံပေး

ဝါရှင်တန်၊ ဧပြီ ၆ ဟောမု့ဇ် ရေလက်ကြားကို သင်္ဘော အားလုံးအတွက် ပြန်လည် ဖွင့်လှစ်ရေး နောက်ဆုံးသတ်မှတ်ရက် ဧပြီ ၇ ရက် ကျော်လွန်သွားရင် အီရန်ရဲ့ ဓာတ်အားပေးစနစ်နဲ့ တံတားတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပါတယ်။ အီရန်ကို ငရဲကျသလို ဖြစ်အောင် လုပ်ပစ်မယ်လို့ ထရန့်က စောစောပိုင်းက ခြိမ်းခြောက်ခဲ့ပေမယ့် နောက်ပိုင်း…

အရှေ့အလယ်ပိုင်း တင်းမာမှု လျှော့ချရေး ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ ဧပြီ ၆ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်က ရုရှားနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပြီး အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားအောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၅ ရက် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ဗ်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားခဲ့ပါတယ်။ ဟောမု့ဇ် ရေလက်ကြားကို…

ဘီးလင်းမှာ စစ်တပ်ဗုံးကြဲမှု နေအိမ် ၁၀၀ ကျော် ပျက်စီး၊ အရပ်သား ခြောက်ဦး ဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၄ ရက်နေ့အထိ ဘီးလင်းမြို့နယ်ရဲ့ လေးကေနဲ့ ဝင်းတာပန်ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု…

မွန်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း ခန့်အပ်ခံရ

မော်လမြိုင် ၊ ဧပြီ ၆ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်လိုက်ပါတယ်။ ဒီကနေ့ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)မှာ အတည်ပြု ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဖြစ်လာတဲ့…

အာဏာသိမ်းခဲ့သူရဲ့လက်ထဲ တိုင်းပြည်နဲ့လူထု အနာဂတ်ရင်လေးစရာ ဆက်ဖြစ်နေမလား

နေပြည်တော် ၊ ဧပြီ ၅ သမ္မတလုပ်ချင်လို့ နိုင်ငံ့အာဏာကို စစ်ခေါင်းဆောင်က သိမ်းယူခဲ့မှုကြောင့် တိုင်းပြည်ဟာ ရစရာမရှိအောင် စုတ်ပြတ်သတ်လာတဲ့ အခြေအနေမှာ နောက်ထပ် ၅ နှစ်တာ ဆက်လက်အုပ်ချုပ်ဖို့ အရပ်သားအသွင် ပြောင်းလဲလိုက်ပါတယ်။ အာဏာသိမ်းချိန်ကနေ သမ္မတမရွေးခင်ထိ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို နိုင်ငံတော်တာဝန်တွေ လွှဲပြောင်းပေးသွားမယ်လို့ အမြဲတစေ ဟစ်ကြွေးခဲ့ပေမယ့် လက်တွေ့မှာတော့ စစ်ယူနီဖောင်းချွတ်ကာ သမ္မတဝတ်ရုံလဲတဲ့…

မော်လမြိုင်မှာ လမ်းပိတ်ပြီး သင်္ကြန်မဏ္ဍပ် စဆောက်

မော်လမြိုင် ၊ ဧပြီ ၅ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် စစ်ကော်မရှင်က ကမ်းနားလမ်းတစ်လျှောက် လမ်းပိတ်ပြီး သင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းကစလို့ ကမ်းနားလမ်းပိုင်းအပါအဝင် ကျိုက်သလ္လံ ဘုရားလမ်းကနေ မောရဝတီပန်းခြံလမ်းအထိ လမ်းပိုင်းတချို့ကို ယာပီပိတ်သိမ်းပြီး မဏ္ဍပ်တွေ ဆောက်လုပ်နေတာပါ။ သင်္ကြန်ပွဲတော်ကာလအတွင်း…

မြဝတီ အာရှလမ်းမှာ စစ်တပ်က ငွေကြေးအဆမတန် တောင်းခံနေ

မြဝတီ၊ ဧပြီ ၅ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာ နေရာယူတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေကို အတင်းအဓမ္မ ငွေကြေးတောင်းယူနေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းကို စစ်ကော်မရှင်က ပြန်လည်ဖွင့်လှစ်ခဲ့ရာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့နေ့မှာပဲ ခရီးသွားပြည်သူကားရာနဲ့ချီဟာ အာရှလမ်းမှာ ဖြတ်သန်းမောင်းနှင်သွားလာ အသုံးပြုနေကြတာပါ။…

အမေရိကန် ဖိအားကြောင့် အကျဉ်းသား ၂၀၀၀ ကျော်ကို ကျူးဘား လွှတ်ပေး

ဟာဗားနား၊ ဧပြီ ၄ အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့ ဆက်တိုက်ရင်ဆိုင်နေရချိန် ကျူးဘား အစိုးရက အကျဉ်းသား ၂၀၁၀ ဦးကို လွှတ်ပေးနေပြီ ဖြစ်ပါတယ်။ ဟာဗားနားမြို့ အရှေ့ပိုင်း လာလီးမား အကျဉ်းထောင်ကနေ အကျဉ်းသား ၂၀ ကျော် ပြန်လွတ်လာပြီး တစ်မနက်ခင်းလုံး လာစောင့်နေတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပွေ့ဖက် နှုတ်ဆက်ခဲ့ကြပါတယ်။ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံခြားသားတွေ၊ လူငယ်တွေ၊…

လက်နက်တွေ ရှာဖွေတွေ့ရှိပြီးနောက် လန်ဒန် မြို့တော် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တာဝန်မှ ရပ်စဲ

လန်ဒန်၊ ဧပြီ ၄ လန်ဒန်မြို့ လမ်းမ တစ်ခုပေါ်မှာ လက်နက်တွေနဲ့ ရှော့ခ်တိုက် ကိရိယာ တစ်ခု ပါဝင်တဲ့ အိတ်တစ်အိတ် ရှာတွေ့ခဲ့ပြီးနောက် မြို့တော် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ရှေ့တန်း တာဝန်တွေကနေ ရပ်ဆိုင်းထားလိုက်ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။ မတ် ၃၁ ရက် ညနေပိုင်းက လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းရဲ့ နေအိမ်…