December 8, 2025

စစ်အာဏာသိမ်း (၁၇၇၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၃၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၉ AAPP ရဲ့ ဒီဇင်ဘာ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၇၂) ရက်အတွင်း ပြည်သူ (၇၅၃၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၉၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၀၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ချောင်းဆုံမှာ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ စစ်ကော်မရှင် စတင်ကြိုးပမ်း

ချောင်းဆုံ ၊ ဒီဇင်ဘာ ၉ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)မှာ အာဏာသိမ်း စစ်ကော်မရှင်က တရုတ်နည်းပညာအကူအညီနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင် ဘာ ၇ ရက်နေ့က ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့…

ရွေးကောက်ပွဲအတွက် ထောင်ဒဏ်ချမှတ်နိုင်မယ့် ဥပဒေ အပြိုင်အဆိုင်ပြဋ္ဌာန်း

မော်လမြိုင် ၊ ဒီဇင်ဘာ ၉ အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကာကွယ်ရေးဆိုင်ရာ ဥပဒေတွေကို စစ်ကော်မရှင်နဲ့ တော်လှန်ရေးအင်အားစုတွေ အပြိုင်အ ဆိုင် ပြဋ္ဌာန်းလာပါတယ်။ စစ်ကော်မရှင်က သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် တနည်းနည်းနဲ့ လုပ်ဆောင်သူတွေကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူမှု အယောက် ၁၀၀ ကျော်လာချိန်မှာ တော် လှန်ရေးအင်အားစုတွေကလည်း…

ထိုင်းနိုင်ငံထဲ လက်နက်ကြီးကျပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်နဲ့ လာတွေ့

နေပြည်တော်၊ ဒီဇင်ဘာ ၉ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်ကော်မရှင်နဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး နယ်စပ်ဒေသအရေး၊ ရွေးကောက်ပွဲအရေးနဲ့ ကျားဖြန့်နှိမ်နင်းရေး အပါအဝင် အခြားရေးရာတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်ကော်မရှင် ခေါင်းဆောင်တို့ ဦးဆောင်တဲ့အဖွဲ့တို့…

ပွင့်ဖြူမြို့နယ်က ကျေးရွာအုပ်စု သုံးပုံနှစ်ပုံနီးပါးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်

မကွေး ဒီဇင်ဘာ ၈ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရဲ့ ကျေးရွာအုပ်စု သုံးပုံ နှစ်ပုံနီးပါးမှာ ရွေးကောက်ပွဲမပြုလုပ်ဘူးလို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။ ပွင့်ဖြူမြို့နယ်မှာ ကျေးရွာအုပ်စု ၄၃ အုပ်စု ရှိပြီး ၁၇ အုပ်စုကို ရွေးကောက်ပွဲ မပြုလုပ်နိုင်ဘူးလို့ ဒီဇင်ဘာလ ၅ ရက်ရက်စွဲနဲ့ စစ်ကော်မရှင်က ကြေညာထားတာပါ။ “အဓိကကတော့ ဒီအုပ်စုကျေးရွာတွေကို ကာကွယ်ရေးအဖွဲ့တွေက ကာလအတန်ကြာ စိုးမိုးထားတဲ့အတွက်သူတို့အနေနဲ့…

မြန်မာ့စီးပွားရေး ပြန်တိုးတက်လာမယ့် လက္ခဏာ တချို့ တွေ့ရတယ်လို့ ကမ္ဘာ့ဘဏ် ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ပြီးခဲ့တဲ့ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ ရိုက်ခတ်မှုတွေလက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ စိန်ခေါ်မှုတွေ ရှီနေပေမယ့်လည်း မြန်မာ့ စီးပွားရေး ပြန်တိုးတက်လာမယ့် လက္ခဏာ တချို့ ရှိနေပြီး လာမယ့် ဘဏ္ဍာရေး နှစ်အတွင်း အသားတင် ပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ၃ ရာခိုင်နှုန်း ပြန်လည်…

အမေရိကန် လွှတ်တော် အမတ်တွေရဲ့ ကာကွယ်ရေးမူဝါဒဆိုင်ရာ ဥပဒေကြမ်း ထရန့်တောင်းဆိုထားတဲ့ ငွေပမာဏထက် ပိုများနေ

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ အမေရိကန် လွှတ်တော်အမတ်တွေ ဒီဇင်ဘာ ၇ ရက်မှာ မိတ်ဆက်လိုက်တဲ့ နှစ်စဉ် ကာကွယ်ရေး မူဝါဒဆိုင်ရာ ဥပဒေကြမ်းက လာမယ့်နှစ်အတွက် အမျိုးသား လုံခြုံရေး အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလီယံ စံချိန်တင် သုံးစွဲခွင့်ပြုရေး တောင်းဆိုထားပြီး သမ္မတ ဒေါ်နယ် ထရန့် တောင်းဆိုထားတဲ့ ပမာဏထက် ဘီလီယံပေါင်းများစွာ ပိုများနေသလို…

KNU နယ်မြေထဲ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သား နှစ်ဦး သေဆုံး

မုန်း၊ ဒီဇင်ဘာ ၈ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က မုန်းမြို့နယ်အခြေစိုက် အမှတ် (၇၃) ခြေလျင်တပ်ရင်းကနေ ညောင်ပင်သာကျေးရွာထဲကို လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး…

ရေးမှာ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံး ဝင်တိုက်ခံရပြီး လေးဦး သေဆုံး

ရေး၊ ဒီဇင်ဘာ ၈ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ စစ်ကော်မရှင် လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံး ဝင်ရောက်တိုက်ခိုက်ခံရကြောင့် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အာယုတောင်ကျေးရွာရှိ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံးနဲ့ ဂိတ်စခန်းနေရာတို့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်…

ပြစ်ဒဏ် ကင်းလွတ်ခွင့်ရဖို့ နိုင်ငံရေးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ပြော

ဂျေရုစလင်၊ ဒီဇင်ဘာ ၈ အကျင့်ပျက်ခြစားမှုနဲ့ နှစ်များစွာကြာ ရင်ဆိုင်နေရာတဲ့ အမှုအတွင်း သမ္မတက ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးခဲ့မယ်ဆိုရင်လည်း မိမိအနေနဲ့ နိုင်ငံရေးက နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒီဇင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိရင် နိုင်ငံရေး လောကကနေ အနားယူသွားမှာလားလို့ သတင်းထောက် တစ်ယောက်က မေးမြန်းချိန်မှာ…