November 21, 2025

စစ်အာဏာသိမ်း (၁၇၅၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၂ AAPP ရဲ့ နိုဝင်ဘာ ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၅၅) ရက်အတွင်း ပြည်သူ (၇၄၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲကြေညာစာတမ်း မွန်လူထု အကျပ်အတည်းနဲ့ သဟဇာတဖြစ်ရဲ့ လား

မော်လမြိုင် ၊ နိုဝင်ဘာ ၂၂ စစ်ကော်မရှင် ကျင်းပမယ့် အပိုင်းလိုက်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီ MUP က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပါတီရဲ့ ရွေး ကောက်ပွဲကြေညာစာတမ်းအကျဉ်းကို ထုတ်ပြန်ပါတယ်။ ကြေညာစာတမ်းမှာ ပါတီရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ငြိမ်းချမ်းရေး တည် ဆောက်နိုင်မှုနဲ့အတူ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့နဲ့…

ကျားဖြန့်တရုတ်သူဌေးတွေကို ရွှေ့ပြောင်းပေးတာမရှိဘူးလို့ BGF ငြင်းဆို

မြဝတီ၊ နိုဝင်ဘာ ၂၂ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်သူဌေးတွေ မနေနိုင်တော့သလို အဲဒီကျားဖြန့် တရုတ်သူဌေးတွေကိုလည်း ကရင်နယ်ခြားစောင့်တပ် BGF က ရွှေ့ ပြောင်းပေးထားတာတွေ လုံးဝမရှိဘူးလို့ BGF ပြောခွင့်ရ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ငြင်းဆိုလိုက်ပါတယ်။ ရွှေကုက္ကိုမြို့မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု လုပ်ငန်းတွေကို မနှိမ်နင်းခင်က ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်သူဌေးတွေကို BGF…

မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်ကြိုးပမ်း

မောတောင်၊ နိုဝင်ဘာ ၂၂ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ တော် လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက် ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ် လေကြောင်းကနေ စစ်ကူလာရောက်ပို့ဆောင်ပေးတဲ့အပြင် မြေပြင်စစ်ကြောင်းတွေကပါ အင်အားဖြည့်တင်းနေတာကြောင့် သိန်ခွန်းကျေးရွာနဲ့ သဲဖြူကျေးရွာအနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။…

ထရန့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ ရုရှားကို G7 အဖွဲ့ထဲ ပြန်ဝင်ခွင့်ပြုထား

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ယူကရိန်းအတွက် ငြိမ်းချမ်းရေး အစီအစဉ်အရ ရုရှားဟာ G7 အဖွဲ့ထဲ ပြန်လည် ဝင်ရောက်ခွင့် ရရှိမှာ ဖြစ်ပြီး အနောက်တိုင်းရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကနေ လွတ်မြောက်မှာ ဖြစ်သလို သိမ်းဆည်းခံထားရတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု အများစုကိုလည်း ပြန်လည် ရရှိမှာ ဖြစ်ကြောင်း The Telegraph…

တရုတ် ချေးငွေတွေကို အများဆုံး လက်ခံရယူနေတာ အမေရိကန် ဖြစ်ကြောင်း လေ့လာ တွေ့ရှိ

ဟောင်ကောင်၊ နိုဝင်ဘာ ၂၁ တရုတ်ရဲ့ တစ်ကမ္ဘာလုံး ငွေထုတ်ချေးမှုမှာ ချေးငွေ အများဆုံး လက်ခံရယူနေတာ အမေရိကန်နိုင်ငံ ဖြစ်ကြောင်း လေ့လာ တွေ့ရှိပြီး ဘေဂျင်းအစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် ဝင်ငွေကောင်းတဲ့ နိုင်ငံတွေကို ငွေပိုချေးပေးနေကြောင်း တွေ့ရှိထားပါတယ်။ အမေရိကန်တက္ကသိုလ် ဝီလီယမ်နဲ့ မယ်ရီရဲ့ သုတေသနအဖွဲ့ AidData က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ တရုတ်ဟာ ၂၀၀၀ ပြည့်နှစ်ကနေ…

သမိုင်းတရားခံ မဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ KNU ထပ်မံတိုက်တွန်း

မော်လမြိုင်၊ နိုဝင်ဘာ ၂၁ စစ်ကော်မရှင် ပြုလုပ်မယ့် လွတ်လပ်မှုမရှိ တရားမျှတမှုမရှိ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကော်သူးလေနဲ့ မြန်မာတပြည်လုံးရှိ တိုင်းရင်းသားပြည်သူလူထုအားလုံး ကန့်ကွက်ဆန့်ကျင်ကြဖို့ KNU က ထပ်မံတိုက်တွန်းလိုက်ပါတယ်။ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က အချက် ၅ ချက်နဲ့ ထောက်ပြတိုက်တွန်းလိုက်တာပါ။ အာဏာသိမ်း…

သရက်ချောင်းတိုက်ပွဲကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေ

သရက်ချောင်း၊ နိုဝင်ဘာ ၂၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်လမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်နဲ့သရက်ချောင်းမြို့နယ်အကြားက ပြင်းဖြူကြီး၊…

ဂါဇာကို အစ္စရေး ထပ်မံတိုက်ခိုက်

ဂါဇာ စီးတီး၊ နိုဝင်ဘာ ၂၁ နိုဝင်ဘာ ၂၀ ရက်က အစ္စရေးရဲ့ ထပ်မံတိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအရာရှိတွေက ပြောကြားပြီးနောက် အစ္စရေးနဲ့ဟားမာ့စ်အဖွဲ့ကြား ငြိမ်းချမ်းရေး သဘောတူညီမှုဟာ အသစ်စက်စက် တိုက်ခိုက်မှုများကြောင့် အားလျော့သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ငြိမ်းချမ်းရေး ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာက ပြောပါတယ်။ အောက်တိုဘာ ၁၀…

ပုန်ကန်ဖို့ လှုံ့ဆော်တဲ့ ဒီမိုကရက်တွေကို သေဒဏ်ပေးပစ်မယ်လို့ သမ္မတ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁ တရားမဝင် ညွှန်ကြားချက်တွေကို မလိုက်ကြဖို့ စစ်တပ်ကို တိုက်တွန်းတဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေကို ကွပ်မျက်သတ်ဖြတ်ပစ်လို့ ရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပြီး အဲဒီလူတွေဟာ နိုင်ငံတော် သစ္စာဖောက်တွေ ဖြစ်ကြောင်းနဲ့ တော်လှန်ပုန်ကန်တဲ့ အပြုအမူတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်က…