မွန်ပြည်နယ်မှာ စပါးဈေးမရလို့ တောင်သူတွေ ခွက်ခွက်လန်အရှုံးပေါ်
မော်လမြိုင် ၊ နိုဝင်ဘာ ၆ မွန်ပြည်နယ်ရဲ့ အခုနှစ်မိုးစပါးပေါ်ကာလမှာ စပါးဈေးအဆမတန် ကျဆင်းနေတာ၊ အရင်လို စပါးဝယ်ယူမှုတွေ မရှိတော့တာကြောင့် ခွက်ခွက်လန် အရှုံးပေါ်နေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စပါးဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က အနိမ့်ဆုံး စပါးတင်း ၁၀၀ ကို ကျပ်၂၀ သိန်းဝန်းကျင်အထိရှိရာမှ အခုနှစ်စပါးပေါ်ကာလမှာ စပါးတင်း ၁၀၀ ကိုမှ ကျပ် ၁၁…
