မိုးကုတ်၊ အောက်တိုဘာ ၃၀

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှ တအာင်းတပ်တွေပြန်လည်ဆုတ်ခွာပြီး စစ်ကော်မရှင်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှ တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွာပြီး တအာင်းဒေ သကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတာနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး နှစ်ဖက်တပ်တွေရောက်ရှိတဲ့နေရာမှာဘဲ ရပ်တန့်ကာ အပြန် အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ TNLA က ဆိုထားပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်တပ်နဲ့ TNLA တပ်တို့ကြား နှစ်ဦးသဘောတူ အပစ်ခတ်ရပ်စဲပေမယ့် ပြည်သူ့ကာကွယ် ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

အလားတူ မိုးကုတ်ဗျူဟာကလည်း စစ်ကော်မရှင်တပ်ရဲ့ ရက်စက်မှုမျိုးစုံနဲ့ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံကို တိုက်ခိုက်ချေမှုန်း‌နေပြီး တော်လှန်ရေးရဲဘော်တွေအနေဖြင့် မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ပြန် လည်လက်လွတ်ပေးခဲ့ရပေမယ့် ကြောက်ရွံ့ခြင်းမရှိဘဲ ဆက်လက်တော်လှန်တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.