October 28, 2025

စစ်အာဏာသိမ်း (၁၇၃၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၂၁) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၉ AAPP ရဲ့ အောက်တိုဘာ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၃၁) ရက်အတွင်း ပြည်သူ (၇၄၂၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၈၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

လူငယ်တွေ ပြည်ပထွက်ခွာမှု မြင့်မားနေတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ အောက်တိုဘာ ၂၉ နိုင်ငံအတွင်းက လူငယ်တွေကြားမှာ ပြည်ပရွှေ့ပြောင်းသွားလာမှု မြင့်မားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု အစီအရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က လူငယ်တွေ ပြည်ပ…

စစ်ကော်မရှင် ရွေးကောက်ပွဲ အသိအမှတ်မပြုကြောင်း ပူးတွဲကြေညာပေးဖို့ နိုင်ငံတကာထံ NLD တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ နိုင်ငံတကာက အသိအမှတ် မပြုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်”ကြေညာစဉ် ထည့်သွင်းတောင်းဆိုခဲ့တာပါ။…

စစ်ပွဲဖြစ်လာရင် မိမိတို့ အနိုင်ရလိမ့်မယ်လို့ ဂျပန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ထရန့် ပြော

တိုကျို၊ အောက်တိုဘာ ၂၈ မိမိတို့ ပါဝင်တဲ့စစ်ပွဲ တစ်ပွဲ ဖြစ်လာရင် မိမိတို့ အနိုင်ရမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ချ် ဝါရှင်တန်ပေါ်ရှိ အမေရိကန် စစ်သားတွေကို ပြောလိုက်ပါတယ်။ ဂျပန်ရဲ့ အသစ်စက်စက် ရွေးကောက်ခံထားရတဲ့ ဝန်ကြီးချုပ် ဆာနေး တာကာအိချီနဲ့ မြေရှားသတ္တုဆိုင်ရာ သဘောတူညီမှု…

မြန်မာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမယ်လို့ ယုံကြည်သူရှိမှာ မဟုတ်ဘူးလို့ ကုလ အတွင်းရေးမှူးချုပ် ပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၈ ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မယ်လို့ ယုံကြည်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးဖို့နဲ့…

သထုံမြို့နယ်က ကျေးရွာတွေကို စစ်တပ် လက်နက်ကြီးပစ်ခတ်နေ

သထုံ၊ အောက်တိုဘာ ၂၈ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းနဲ့ရေဝေကျေးရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော် မရှင်တပ်ဟာ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် မိုးကောင်းနဲ့ရေဝေကျေးရွာတွေအနီးမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

သရက်ချောင်းမှာ စစ်ကြောင်းက နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီး

သရက်ချောင်း၊ အောက်တိုဘာ ၂၈ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ အင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲက လဘ၊ ဆင်ကျန်း၊ ပိတိုင်အပါအဝင် ကျေးရွာ ၅ ရွာလောက်ကို တပတ်နီးပါး…

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

မြင်းခြံ၊ အောက်တိုဘာ ၂၈ မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံအကျဉ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ မြင်းခြံထောင်မှာ ဖမ်းဆီးအကျဉ်းခံထားရတဲ့ အသက် ၂၉ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းဟာ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ သေဆုံးခဲ့တာပါ။…

မြိတ်-ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း မသုံးဖို့ တိုင်းစစ်ဌာန သတိပေး

တနင်္သာရီ၊ အောက်တိုဘာ ၂၈ နှစ်ဖက်စစ်ရေးပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်း မြိတ်ခရိုင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းမြို့နယ် ပြည်ထောင်စုကားလမ်းမကြီးအား အသုံးပြုပြီး ခရီးသွားလာမှုကို ပိတ်ပင်လိုက်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန အမှတ် (၃၅) နည်းဗျူဟာအဖွဲ့က ထုတ်ပြန်ထားပါတယ်။ တနင်္သာရီမြို့နယ်အတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခရီးသွားလာဖို့ မသင့်တော်တာကြောင့် အောက်တိုဘာ ၂၈ ရက်နေ့ကစပြီး ခရီးသွားလာမှု မပြုကြဖို့ သတိပေးတားမြစ်လိုက်တာပါ။ လက်ရှိမှာ…

မြေရှားသတ္တု ထုတ်ယူသုံးစွဲခွင့်ဆိုင်ရာ ပူးတွဲသဘောတူညီချက်ကို ဂျပန်နဲ့ အမေရိကန် လက်မှတ်ရေးထိုးမယ်

တိုကျို၊ အောက်တိုဘာ ၂၈ မြေရှားသတ္တုနဲ့ တခြား အရေးကြီးတဲ့ သတ္တုများ ထုတ်ယူသုံးစွဲခွင့်၊ ထောက်ပံ့ရေး လမ်းကြောင်းတွေ အားကောင်းလာအောင် ဆောင်ရွက်ရေး ပူးတွဲစာရွက်စာတမ်း သဘောတူညီချက်တွေအတွက် ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်တို့ ကြိုတင် ပြင်ဆင်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း Asahi သတင်းစာက အောက်တိုဘာ ၂၈ ရက်မှာ…