အမေရိကန် နိုင်ငံတဝန်းမှာ ပြုလုပ်မယ့် “ဘုရင်တွေ အလိုမရှိ” ဆန္ဒပြပွဲအတိုင်မီ အမျိုးသား အစောင့်တပ်ဖွဲ့ကို အသင့်ပြင်

ဝါရှင်တန်၊ အောက်တိုဘာ ၁၈

သမ္မတ ဒေါ်နယ် ထရန့်နဲ့ သူ့ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ မတိုင်မီ ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အမေရိကန် ပြည်နယ် တချို့ရှိ ရီပက်ဘလေကန် အုပ်ချုပ်ရေးမှူးတွေက အမျိုးသားအစောင့်တပ်ဖွဲ့တွေကို အသင့်အနေအထား ထားရှိလိုက်ပါတယ်။

နိုင်ငံတဝန်း နေရာပေါင်း ၂၅၀၀ ကျော်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း “ဘုရင်တွေ အလိုမရှိ”ခေါင်းစဉ်နဲ့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လက်ယာလက်ဝဲ Antifa အဖွဲ့နဲ့ မဟာမိတ်ပြုထားသူတွေ ဖြစ်တယ်လို့ ထရန့်ရဲ့ မဟာမိတ်တွေက စွပ်စွဲထားပါတယ်။

တက္ကဆက်နဲ့ ဗာဂျီးနီးယားရှိ အုပ်ချုပ်ရေးမှူးတွေက သူတို့ ပြည်နယ်တွေရဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေကို အသင့်အနေအထား ထားရှိထားပေမယ့် စစ်တပ်ကို ဘယ်လို ချထားမလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဇွန်လက ပြုလုပ်ခဲ့တဲ့ အလားတူ ဆန္ဒပြပွဲမှာ လူ ၅ သန်းကျော် ပါဝင်ခဲ့ပြီး ထရန့်ရဲ့ မူဝါဒတွေကို ပြစ်တင် ရှုတ်ချခဲ့ကြတယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

အခုပြုလုပ်မယ့် ဆန္ဒပြပွဲက ထရန့်ရဲ့ အာဏာရှင်ဆန်မှုကို စိန်ခေါ်မှာ ဖြစ်တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ဆိုပါတယ်။

ရီပက်ဘလေကန် တချို့ကတော့ အဲဒီ ဆန္ဒပြပွဲတွေကို အမေရိကန်အပေါ် အမုန်းထားတဲ့ ဆန္ဒပြပွဲတွေအဖြစ် နာမည်တပ်ထားကြပါတယ်။

မိမိတို့အနေနဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေကို စေလွှတ်သွားမှာ ဖြစ်ကြောင်း ကန်ဆက် ပြည်နယ် အထက်လွှတ်တော်အမတ် ရော်ဂျာ မာရှယ်က ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ စစ်တပ်ကို စေလွှတ်တာဟာ အာဏာရှင်တွေ၊ ဘုရင်တွေ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး ဒီမိုကရက်တို့က ပြစ်တင်ရှုတ်ချထားပါတယ်။

ရာဇဝတ်မှု တိုက်ဖျက်ရေး မြို့တွေမှာ နေချင့်စဖွယ် ဖြစ်ရေး အကြောင်းပြချက်နဲ့ ထရန့်က ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေ ချထားပြီး အိမ်ခြေယာမဲ့တွေကို ရှင်းထုတ်ခဲ့ပြီးနောက် တခြား မြို့တွေမှာလည်း တပ်ဖွဲ့ဝင်တွေ ချထားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်ကို အမေရိကန် နိုင်ငံသား အများစုက မကျေနပ်ဘဲ ထရန့်ဟာ ဘုရင် တစ်ပါးလို ပြုမူနေတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.