စစ်သုံ့ပန်း ၂၀ ကျော်ကို KNU နေရပ်ပြန်ပို့
ညောင်လေးပင်၊ သြဂုတ် ၅ KNU ညောင်လေးပင်ခရိုင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နေရပ်ကို ပြန်လည်ပို့ဆောင်ခဲ့ ပြီး နေရပ်မပြန်နိုင်သေးတဲ့ သူတွေကိုလည်း အလုပ်အကိုင်ရှာဖွေပေးကာ ထိန်းသိမ်းထားလျက်ရှိတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က KNU မုန်းမြို့နယ် တောင်စုကျေးရွာမှာ စစ်ကြောင်းထိုးအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တို့က…
