နိုင်ငံတွင်းနေထိုင်သူတွေ တည်ဆဲဥပဒေတွေကို လိုက်နာကြဖို့ စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ် သတိပေး
နေပြည်တော် ၊ ဩဂုတ် ၂ အာဏာသုံးရပ်စလုံးကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းတာတွေ ဆက်တိုက်ထုတ်ပြန်ပြီးနောက် နိုင်ငံအတွင်း နေထိုင်ကြသူတွေအားလုံး တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြဖို့ စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပထမကြိမ်အစည်းအဝေးကို ဩဂုတ် ၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ဦးညိုစောက အဲဒီအစည်းအဝေးကနေ…
