August 2025

တောင်ပိုင်းဒေသမှာ ဇူလိုင်လအတွင်း အရပ်သား ၁၂၀ ကျော် သေဆုံး

မော်လမြိုင် ၊ ဩဂုတ် ၈ မြန်မာတောင်ပိုင်းဒေသ ကရင်နီ၊ ကရင်၊ မွန် နဲ့ တနင်္သာရီတို့မှာ ပြီးခဲ့တဲ့ ဇူလိုင်တစ်လတာအတွင်း အရပ်သားပြည်သူ ၁၂၁ ဦး သေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညအင်စတီကျူ သုတေသနဌာန RICE ကနေ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအများစုဟာ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်ခံရတာ ဒရုန်းထိမှန်တာ မြေမြှုပ်မိုင်းနင်းမိပြီး…

ကရင်ပြည်နယ် သံတောင်ကြီး မြေပြိုမှုသေဆုံးသူ ၁၁ ဦးအထိရှိလာ

သံတောင်ကြီး၊ သြဂုတ် ၈ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုတွေကြောင့် သေဆုံးသူဦးရေ ၁၁ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖော်ထုတ်ရာမှာ အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး သံတောင်ကြီးမြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေနဲ့ ဥယျာဉ်ခြံတွေ ပျက်စီးဆုံးရှုံးတာ၊ လူထိခိုက်သေဆုံးမှုတွေရှိတာအပြင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့်…

ရုရှားဟာ မိမိတို့ရဲ့ ယုံကြည်ရတဲ့ အရေးကြီးတဲ့ မိတ်ဖက်ဖြစ်တယ်လို့ မလေးရှား ဘုရင် ပြော

ဂျိုဟိုး ဘာရူး၊ သြဂုတ် ၇ ရုရှားကို ယုံကြည်ရတဲ့၊ အရေးကြီးတဲ့ မိတ်ဖက်အဖြစ် မလေးရှားက မှတ်ယူထားပြီး ပိုရင်းနီးတဲ့ ဆက်ဆံရေး ထူထောင်ဖို့ ဆန္ဒရှိတယ်လို့ ဘုရင် ဆူလ်တန် အေဗရာဟင် ဆူလ်တန်က သြဂုတ် ၆ ရက် မော်စကို ခရီးစဉ်အတွင်း သမ္မတ ဗလာဒီမာ ပူတင်ကို ပြောကြားခဲ့ပါတယ်။ ပူတင်ရဲ့ ဖိတ်ခေါ်ချက်အရ သြဂုတ်…

ပူတင်နဲ့ ဇီလန်စကီးတို့ ထိပ်တိုက်ဆွေးနွေးဖို့ အလားအလာကောင်းတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ သြဂုတ် ၇ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး လူကိုယ်တိုင် ဆွေးနွေးဖို့ ရုရှား၊ ယူကရိန်း ခေါင်းဆောင်တို့နဲ့ မကြာခင် တွေ့ဆုံနိုင်ဖို့ အလားအလာကောင်းနေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်ကြား မော်စကိုမှာ ဆွေးနွေးမှုတွေဟာ အများကြီး အပြုသဘောဆောင်တယ်လို့ ထရန့်က သြဂုတ် ၆ ရက်…

KTLA တိုက်ခိုက်မှုကြောင့် KNLA တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရ

မေတ္တာ၊ သြဂုတ် ၇ တနင်္သာရီတိုင်း မေတ္တာမြို့ ဆင်ဖြူတိုင်ကျေးရွာအနီးမှာ ကော်သူးလေအာမီ KTLA တပ်ဖွဲ့ဝင်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ မနေ့ သြဂုတ် ၆ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဗိုလ်အယ်ခွီး (ခ) ကော်လာဖိုး ဦးဆောင်တဲ့ KTLA…

တနင်္သာရီမှာ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

တနင်္သာရီ၊ ဩဂုတ် ၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အောက်ကင်း ကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းမှာ တာဝန်ထမ်း ဆောင်နေတဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ အောက်ကင်းကျေးရွာအခြေစိုက် ခမရ ၅၅၇ မှာ တာဝန်ထမ်းနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀…

စစ်အာဏာသိမ်းမှုကို အသက်ဆက်ပေးတဲ့ ယာယီ သမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

နေပြည်တော် ၊ ဩဂုတ် ၇ နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀ မှာ ဆေးကုသမှုခံယူနေတဲ့ ယာယီ သမ္မတ ဦးမြင့်ဆွေဟာ ဒီကနေ့ မနက် ၈ နာရီကျော်မှာ ကွယ်လွန်သွားပြီလို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဩဂုတ် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၄) နှစ်…

စစ်အာဏာသိမ်း (၁၆၄၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၇ AAPP ရဲ့ သြဂုတ် ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၄၈) ရက်အတွင်း ပြည်သူ (၇၀၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

PDF တွေ အလင်းဝင်ဖို့ စစ်တပ်က ဖုန်းမက်ဆေ့ကနေတဆင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်လာ

နေပြည်တော် ၊ ဩဂုတ် ၇ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် စစ်ရေးအသာစီးရနေချိန်မှာ စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် အချိန် ကိုက်လုပ်လာပါတယ်။ မိုးဗြဲမြို့အပါအဝင် နောင်ချိုမြို့နဲ့ သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ခဲ့ရပြီးချိန်မှာ PDF တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်နဲ့ လက်တွဲဖို့ ဖုန်းမက့်ဆေ့တွေကနေတဆင့် SAC NEWS က စာတိုပေးပို့ခဲ့တာပါ။…

ရေးမှာ စစ်အုပ်ချုပ်ရေးပယ်ဖျက်ပြီး စည်းကမ်းချက် ၁၇ ချက်ပါတဲ့ ဒေသန္တရအမိန့် ထပ်ထုတ်

ရေး ၊ ဩဂုတ် ၇ မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်ပြီးနောက် စည်းကမ်းချက် ၁၇ ချက်ပါတဲ့ ဒေသန္တရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်လိုက်ပေမယ့် ရေးဒေသမှာ အကြမ်း ဖက်အဖွဲ့အစည်းတွေက နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုဆောင်ရွက်နေတာကြောင့် ဒေသန္တရအမိန့် ထပ်မံထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။ အဲဒီဒေသန္တရအမိန့်တွေထဲမှာတော့…