တစ်လအတွင်း စစ်တပ်လက်ချက်ကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံး

စစ်ကိုင်း၊ ဩဂုတ် ၆

နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်း စစ်တပ်လက်ချက်ကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာပါ။

သေဆုံးခဲ့တဲ့ အမျိုးသမီးတွေဟာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၅၂ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦးနဲ့ အခြားအကြောင်းအရာကြောင့် ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၄ ဦး ပါဝင်ပြီး အများစုဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၂၈ ဦးနဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း နိုင်ငံတစ်ဝန်းမှာ စစ်တပ်လက်ချက်ကြောင့် အပြစ်မဲ့ အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.