စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ပေါက်ကြားရင် သေဒဏ်အထိချမှတ်မယ့်ဥပဒေ စစ်ကောင်စီ ပြဌာန်း
နေပြည်တော် ၊ ဇူလိုင် ၃၀ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို တိုက်စစ်ဆင်ပြီး ရရှိလာတဲ့ စစ်ကောင်စီက သေဒဏ်အထိ ချမှတ်မယ့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို ဇူလိုင် ၂၈ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ကောင်စီဥက္ကဌ အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဘယ်သူမဆို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေထဲက…
