လောင်းလုံးမြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

လောင်းလုံး၊ ဇွန် ၂၅

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံးမြို့ပေါ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အကောက်အခွန်ရုံးနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲဟာ မွန်းလွဲ ၃ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် မြို့ခံပြည်သူအများစု မြို့တွင်းပိတ်မိနေပြီး မြို့ခံပြည်သူ တချို့ကတော့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့ပေါ် တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့ဘက်ကလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ လောင်းလုံးမြို့ပေါ်မှာ ၅ ကြိမ်ထက်မနည်း တိုက်ပွဲဖော်ဆောင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.