မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှု ပြဿနာကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရ
မော်လမြိုင် ၊ မေ ၂၉ မွန်ပြည်နယ်ရဲ့ အခုနှစ်မိုးစပါးရာသီမှာ လုပ်သားရှားပါးမှု ပြဿနာနဲ့အတူ လုပ်သားခေါ်ယူလို့ မရတဲ့ အခက်အခဲကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တောင်သူတွေဟာ မိုးစပါးစိုက်ပျိုးဖို့အတွက် အရင်လို ကျွမ်းကျင်လုပ်သားတွေကို အလွယ်တကူ ခေါ်ယူလို့ မရတာ၊ လုပ်အားခ ပိုပေးရင်တောင် လာရောက် လုပ်ကိုင်သူမရှိတာ၊ အရင်လို တခြားဒေသတွေက လာရောက်လုပ်ကိုင်မှုမရှိတဲ့…
