ထိုင်း-မြန်မာနယ်စပ်က ကနဲလေစခန်းကို KNU ပြန်လည်သိမ်းပိုက်
မြဝတီ၊ မေ ၃၀ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်ရဲ့ ကနဲလေးစခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။ ဝေါ်လေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကစပြီး…
