May 2025

စလင်းမြို့နယ်က စစ်ကောင်စီ စစ်ကြောင်း အထိုင်ချနေရာတွေကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

မကွေး မေ ၂၇ မကွေးတိုင်း စလင်းမြို့နယ်က စစ်ကောင်စီစစ်ကြောင်း အထိုင်ချနေရာကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ထိခိုက်သေဆုံးတယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၄ ရက်က အိုးသယ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက…

ဆန္ဒပြပွဲတွေကြောင့် ဘင်္ဂလားဒေ့ချ် အိမ်စောင့်အစိုးရ ဖိအားပိုများလာ

ဒါကာ၊ မေ ၂၇ ဘင်္ဂလားဒေ့ချ်မှာ နိုင်ငံရေး မသေချာမှုနဲ့ မကျေနပ်မှုတွေ ပိုများလာနေချိန် အိမ်စောင့်အစိုးရကို အစိုးရဝန်ထမ်းတွေ ဆန္ဒပြရာမှာ မေ ၂၆ ရက်ကစလို့ မူလတန်းပြ ဆရာဆရာမတွေ ပါဝင်လာတာကြောင့် အစိုးရအပေါ် ဖိအား ပိုများလာပါတယ်။ ကျောင်းသားတွေ ဦးဆောင်တဲ့ ဧရာမ ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးသွားပြီးနောက် အသက်…

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးပြဿနာ ကပ်ဆိုး ဖြစ်လာနိုင်တယ်လို့ ကုလ သတိပေး

နယူးယောက်၊ မေ ၂၇ အရှိန်လျှော့မသွားတဲ့ တိုက်ပွဲတွေ၊ ရက်စက်မှုတွေနဲ့ စီးပွားရေး ပြိုလဲမှု ပိုမို နက်ရှိုင်းလာတာကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာ ကပ်ဆိုး တစ်ခု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တက်ခ်က မေ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၂၀၂၄…

မကွေးထောင်မှာ နိုင်ကျဉ်း ၂၀၀ ကျော် ဆေးကုသခွင့်မရဘဲ တိုက်ပိတ်ခံထားရ

မကွေး၊ မေ ၂၇ မကွေးတိုင်း မကွေးအကျဉ်းထောင်မှာ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာ ဆေး ကုသခွင့်မရဘဲ တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် PPNM ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က မကွေးအကျဉ်းထောင်အရှေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…

ဘီးလင်း-နတ်ကြီးလမ်းပိုင်းက တံတားတစ်စင်း မိုင်းခွဲခံရလို့ ပြိုကျပျက်စီး

ဘီးလင်း၊ မေ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တညင်ပင်ကျေးရွာ ဘီးလင်း-နတ်ကြီးလမ်းပိုင်းပေါ်က တံတားတစ်စင်း မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဘီးလင်း-နတ်ကြီးလမ်းပိုင်းပေါ်က တံတား အရှည် ၈၀ ပေ၊ အကျယ်၂၄ ပေရှိ သံကူကွန်ကရစ်အမျိုးအစားဖြစ်တဲ့ တံတားအမှတ် (၃/၁၇) ကို မနေ့ မေ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာပါ။ မိုင်းခွဲဖျက်ဆီးခံရတာကြောင့်…

စစ်ကောင်စီရဲ့ နမခဌာနချုပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

မုံရွာ၊ မေ ၂၇ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမရှော့တိုက်ဒုံး ခုနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)က မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ စစ်ကိုင်းတိုင်း…

စစ်အာဏာသိမ်း (၁၅၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၃၃) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၇ AAPP ရဲ့ မေ ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၆) ရက်အတွင်း ပြည်သူ (၆၇၃၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မော်လမြိုင်မှာ စစ်ကောင်စီက အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် ငွေကြေးပေးဆောင်နေရ

မော်လမြိုင် ၊ မေ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီက ကျောင်းအပ်နှံတဲ့နေရာမှာ အခမဲ့ပညာရေးစနစ်လို့ ပြောပေမယ့် လက်တွေ့မှာတော့ ငွေကြေးပေးဆောင်နေရတယ်လို့ ကျောင်းသားမိဘတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ဖို့အတွက်ဆိုကာ တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး သီတင်ပတ်ကို မေ ၂၂ ရက်နေ့ကနေ ဇွန် ၁ ရက်နေ့ထိ…

စစ်ရေးစွမ်းဆောင်နိုင်တဲ့ တစ်ခုတည်းသော မွန်တပ်တော်လိုအပ်နေ

မော်လမြိုင် ၊ မေ ၂၇ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ မွန်လက်နက်ကိုင်တပ်တွေအနေနဲ့ တစ်ခုတည်းသော မွန်တပ်တော်မှာ ပေါင်းစည်းရေးအပြင် စစ်ရေးစွမ်းဆောင်နိုင်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။ မွန်ပြည်သူတွေလိုလားတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက် ရေးမှာ တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရာမညမွန်တပ်တော် RMA ကို မေ ၂၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ရာမညမွန်တပ်တော်မှာ…

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် ၇ ဦး ထက်မနည်း သေဆုံး

တနင်္သာရီ၊ မေ ၂၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တစ်ရက်အတွင်း လေးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။ အင်အား ၆၀ ဝန်းကျင်eJY တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာကနေ တမုတ်ချုံ ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ မေ…