မဲဆောက် မတ် ၃

မြန်မာစစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့ကြား လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တိမ်းရှောင်မှု ရှိခဲ့တဲ့အပြင် ထိုင်းနိုင်ငဲသားတွေအပေါ်မှာလည်း အန္တရာယ်ရှိလာတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ထိုင်းတပ်မတော်ရဲ့ နရဲစွမ် တပ်ဖွဲ့ကလည်း တက်ခ်ခရိုင် နောင်ဘွားကျေးရွာအနီး မြန်မာနယ်စပ်မှာ စစ်ဆေးမှုတွေလုပ်ဖို့ ရဟတ်ယာဉ်တစ်စီးကိုလည်း စေလွှတ်ထားရတယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ဆေးမှုအရ စစ်ကောင်စီတပ် အခြေစိုက်စခန်းတွေအနီး KNLA တပ်တွေ ချဉ်းကပ်လာလို့ တိုက်ပွဲတွေဖြစ်လာရပြီး အနီးနားက ဒေသတွေမှာပါ စိုးရိမ်စိတ်တွေ မြင့်တက်စေခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသား ၅၄၅ ဦးဟာ စစ်ပွဲတွေကို ရှောင်ရှားဖို့ ထိုင်းဘက်အခြမ်းကို ဖြတ်သန်းဝင်ရောက်လာခဲ့လို့ အဲဒီလူတွေကို ယာယီဘေးကင်းရေးဇုန်နှစ်ခုမှာ ထားရှိတဲ့အကြောင်း သတင်းမှာ ရေးပါတယ်။

ထိုင်းစစ်တပ်ရဲ့ နယ်စပ်ရဲတပ်ဖွဲ့ကတော့ အဲဒီဒုက္ခသည်တွေကို ကူညီပေးဖို့နဲ့ လူသားစာနာ အကူအညီတွေ ထောက်ပံ့ရေး လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။ နရဲစွမ်တပ်ဖွဲ့ကတော့ ထွက်ပေးခိုလှုံလာသူတွေကို စောင့်ရှောက်ရေး လိုအပ်တဲ့ အစားအစာ၊ အဝတ်အထည်နဲ့ တခြား လိုအပ်တဲ့ပစ္စည်းတွေကို ကြပ်မတ်ဆောင်ရွက်ပေးနေပါတယ်။

မြဝတီဘက်က အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဖြိုခွင်းရင်း အဲဒီလုပ်ငန်းတွေမှာ အဓမ္မစေခိုင်းခံနေရသူတွေကို ကယ်ထုတ်နေချိန်မှာ ထိုင်း-မြန်မာနယ်စပ်အနီးမှာ အခုလို တိုက်ပွဲတွေ ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.