စစ်တွေ မတ် ၃

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး အခွန်ငွေတွေ အာရက္ခတပ်တော် AA က ကောက်ခံနေပြီဆိုတဲ့ သတင်းတွေကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေး အလန်ချောင်ဒရီက ဖေဖော်ဝါရီ ၂၈ ရက်မှာ အတည်ပြုခဲ့ပါတယ်။

စစ်တွေကနေ လာတဲ့ ကုန်စည်တွေအတွက် အခွန်တွေကို မြန်မာအစိုးရက ပထမပိုင်းမှာ ကောက်ခံခဲ့ပေမယ့် အာရက္ခတပ်တော်က နယ်စပ်ကို ထိန်းချုပ်လိုက်ပြီးကတည်းက သူတို့လည်း အခွန်တွေကောက်နေပါပြီ။ ဒါဟာ ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ အဲဒီကိစ္စကို ဖြေရှင်းဖို့ အကြီးတန်းကိုယ်စားလှယ်တစ်ယောက်ကို ခန့်အပ်ထားပါတယ်” လို့ ကော့ဇ်ဘဇားကော်မရှင်နာရုံးမှာပြုလုပ်တဲ့ ရှင်းလင်းပွဲတစ်ခုအတွင်း အကြံပေး အလန်က ပြောခဲ့ကြောင်း The Daily Star သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ကတော့ စစ်ကောင်စီနဲ့ရော အာရက္ခတပ်တော်နဲ့ပါ ဆက်သွယ်ရေးတွေ ထိန်းသိမ်းထားရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ AA ရဲ့ ရည်ရွယ်လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အကြီးတန်းအစိုးရ ကိုယ်စားလှယ်တစ်ဦးက လူသိရှင်ကြား လက်ခံတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်မှာ အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အခြေစိုက်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ၂၇၁ ကီလိုမီတာရှည်တဲ့ နှစ်နိုင်ငံ နယ်စပ်ကို ထိန်းချုပ်လိုက်ကြောင်း ကြေညာထားတာပါ။

ထုတ်ပြန်ချက်ထဲမှာတော့ နတ်မြစ်ထဲက ရခိုင်ရေပိုင်နက်မှာ ရေယာဉ်တေွ လှုပ်ရှားသွားလာခွင့်ကို ပိတ်ပင်မှုတွေရှိတယ်လို့ ဆိုပြီး တက်ခ်နက်ဖ်မြို့ဘက်ကို ကုန်တင်သင်္ဘောတွေ ဆိုက်ကပ်လာတာမျိုးမရှိဘူးလို့ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေမှာ ငါးခြောက်၊ ရေခဲရိုက်ငါး၊ ကွမ်းသီး၊ ကြက်သွန်၊ ဂျင်း၊ အုန်းသီး၊ သစ်သားနဲ့ တခြား ကုန်စည်တွေဖြစ်ပြီး မြန်မာဘက်ကနေ ဘိလပ်မြေနဲ့ အာလူးတွေ တင်သွင်းယူတယ်လို့ သိရပါတယ်။

Ref:TheDailyStar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.