August 8, 2024

စစ်အာဏာရှင်စနစ်ကို ဦးစားပေးတိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ် AD ပြော

မော်လမြိုင် ၊ ဩဂုတ် ၉ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD က စစ်အာဏာရှင်စနစ်ကို ဦးစားပေးတိုက်ဖျက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်သစ် AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြန်တိုက်သွားမယ်လို့ စစ်ကြေညာထားတာပါ။ ဒါကြောင့် စစ်အာဏာရှင်စနစ်…

ဘီးလင်းရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက ပျက်စီးဆုံးရှုံးမှု စစ်ကောင်စီ ကူညီပေးတာမရှိသေး

ဘီးလင်း ၊ ဩဂုတ် ၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် စိုက်ပျိုးထားတဲ့ မိုးစပါးလယ်ဧကတွေ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် စစ်ကောင်စီဘက်က လာရောက်ကူညီဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ ဘီးလင်းမြို့နယ်အတွင်းက စိုက်ပျိုးထားတဲ့လယ်တွေဟာ ဇူလိုင်လနောက်ဆုံးအပတ်က မိုးအဆက်မပျက်ရွာသွန်းပြီး ဘီးလင်းမြစ်ရေတွေဟာလည်း စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ တိုးဝင်ခဲ့တဲ့အတွက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာပါ။ ရေကြီးရေလျှံမှုကြောင့် တစ်ပတ်ကျော်ကြာ ရေမပြန်ကျတဲ့အတွက် စိုက်ပျိုးထားတဲ့စပါးတွေ ရေ…

ပိတ်ဆို့ခံထားရတဲ့ ဖာပွန်ဗျူဟာမကျရေး စစ်ကောင်စီ လေ ကြောင်းကို အဓိကအသုံးပြုနေရ

ဖာပွန်၊ သြဂုတ် ၉ KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ထားတဲ့ ဖာပွန်မြို့အနီးရှိ ဗျူဟာနဲ့ တပ် ရင်းစခန်းတွေထံ စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကူပို့လို့မရတဲ့အတွက် လေကြောင်းအသုံး ပြုတိုက်ခိုက်တာနဲ့ စားနပ်ရိက္ခာပစ္စည်းတွေ လာချပေးနေတယ်လို့ KNU တပ်မဟာ ၅ ဆီကနေ သိရပါတယ်။ ကရင်ပြည်နယ် ဖာပွန်မြို့အနီး တောင်ဘက်ခြမ်း ဝှေနောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာနဲ့ ခမရ ၃၄၀…

ပုလော မီးလောင်ချောင်းတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ပုလော၊ ဩဂုတ် ၉ တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ တပ်အင်အား ၂၀ ဝန်းကျင်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီတွေ ပူးပေါင်းတပ်စွဲထားတဲ့ မီး လောင်ချောင်းကျေးရွာ တပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မနက်အစောပိုင်းမှာ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။…

ဒေါ်နယ်ထရန့်ဟာ ဒီမိုကရေစီအတွက် အန္တရာယ်လို့ ဘိုင်ဒန်နဲ့ ဟားရစ် သတိပေး

ဒက်ထရွိုက်၊ သြဂုတ် ၈ ဒေါ်နယ်ထရန့်သာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်း ဝန်ခံလိမ့်မယ်လို့ မိမိအနေနဲ့ အယုံအကြည် မရှိဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ သူနဲ့ ယှဉ်ပြိုင်ရမယ့် ဒုသမ္မတ ကာမယ်လာ ဟားရစ်က ဒေါ်နယ်ထရန့်သာ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် အမေရိကန်နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေကို တားဆီးမယ့် ဥပဒေမဲ့ အစိုးရတစ်ရပ် ထွက်ပေါ်လာလိမ့်မယ်လို့ ပြောကြားထားပါတယ်။…

ထိုင်းအတိုက်ခံပါတီ ဖျက်သိမ်းမှု အီးယူ၊ အမေရိကန်၊ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြစ်တင်ရှုတ်ချ

ဘန်ကောက်၊ သြဂုတ် ၈ ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ ပြုပြင်ပြောင်းလဲရေး Move Forward ပါတီ ဖျက်သိမ်းဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အီးယူ၊ အမေရိကန်၊ ကုလနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက နိုင်ငံတွင်းမှာ လူကြိုက် အများဆုံး နိုင်ငံရေးသမား ဖိထာ အပါအဝင် ပါတီရဲ့ အကြီးတန်း…

ယောဒေသမှာ ရှစ်လေးလုံး ၃၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

မကွေး၊ ဩဂုတ် ၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် -၃ စစ်ကြောင်းက ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။ ABSDF ဗဟိုရဲ့ ထုတ်ပြန်ချက်အတိုင်း လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပေါင်းစပ်ညှိနှိုင်းပြီး အရှိန်ဟုန်မြှင့်တင်နိုင်ဖို့ ABSDF Column -3 အမှတ် ၁၂ တပ်ရင်း ယောဒေသမှာ…

မောင်တောက ရိုဟင်ဂျာတွေ အစုံလိုက်အပြုံလိုက် သေဆုံးမှုနဲ့ သက်ဆိုင်မှုမရှိဘူးလို့ AA ငြင်းဆို

မောင်တော၊ ဩဂုတ် ၈ ရခိုင်ပြည်နယ် မောင်တောမြို့အနီးက ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းစပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ် ပွားခဲ့တဲ့ ရိုဟင်ဂျာအများအပြား သေဆုံးမှုဟာ အာရက္ခတပ်တော် AA နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဩဂုတ် ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ရိုဟင်ဂျာတွေ သေဆုံးခဲ့တဲ့ နေရာဟာ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့အပြင် အခုလိုသေဆုံးမှုနဲ့ ပတ်သက်ပြီး…

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးထပ်ကြဲ

ကွတ်ခိုင်၊ သြဂုတ် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို မနေ့ သြဂုတ် ၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်မံကြဲချသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုဟာ ကွတ်ခိုင်ဗျူဟာကုန်းအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးတချို့ ထိခိုက်…

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံး ရိုက်ခတ်မှု မွန်နဲ့ ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေ ဝမ်းသာဂုဏ်ယူ

မော်လမြိုင် ၊ ဩဂုတ် ၈ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခြင်းအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းလုံးတွေ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်နိုင်မှုအပေါ် မွန်နဲ့ ပအိုဝ်းညီနောင်တော်လှန်ရေးအဖွဲ့တွေက ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြောလာပါတယ်။ ညီနောင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ AD ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တို့က ၁၀၂၇ စစ်ဆင်ရေးကို ဦး ဆောင်တဲ့ MNDAA…