မောင်တော၊ ဩဂုတ် ၈

ရခိုင်ပြည်နယ် မောင်တောမြို့အနီးက ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းစပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ် ပွားခဲ့တဲ့ ရိုဟင်ဂျာအများအပြား သေဆုံးမှုဟာ အာရက္ခတပ်တော် AA နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဩဂုတ် ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေ သေဆုံးခဲ့တဲ့ နေရာဟာ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့အပြင် အခုလိုသေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွကို အမြန်ဆုံးထုတ်ပြန်ပေးသွားမယ်လို့ AA က ဆိုပါတယ်။

မောင်တောမြို့ထဲက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာအများအပြားဟာ ပင်လယ်ကမ်းစပ်တစ်နေရာမှာ လက်နက်ကြီး လက်နက်ငယ်ထိမှန် ဒါမှမဟုတ် ဗုံးထိမှန်တာ၊ ရေနစ်သေဆုံး ဒါမှမဟုတ် လေ ကြောင်းတိုက်ခိုက်ခံရတာနဲ့ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခုခုဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးခဲ့တာကို ဆိုရှယ်မီဒီယာက ကြားသိရပြီး များစွာစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် AA ဟာ မောင်တာမြို့သိမ်းတိုက်ပွဲ မစတင်ခင်ကတည်းက မြို့အတွင်းရှိ အရပ် သားပြည်သူတွေအနေနဲ့ အမြန်ဆုံးထွက်ခွာပေးကြဖို့ ကြိုတင်အသိပေးခဲ့တယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ မူဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA၊ RSOနဲ့ ARA ဟာ အပြစ်မဲ့ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာအား ထွက်ခွာလို့မရအောင် လက်နက် လူ အင်အားသုံးပြီး ခြိမ်းခြောက်တာနဲ့ ဘာသာရေး သွေးထိုးလှုံဆော်မှုတွေကို လုပ်ဆောင်နေတယ်လို့ AA က ဆိုပါတယ်။

အာရက္ခတပ်တော် AA ဟာ တပ်ဖွဲ့ဝင်တွေကို စစ်ပွဲအတွင်း လိုက်နာရမယ့် စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ တွေကို အခြေခံစစ်သင်တန်းကတည်းက ညွှန်ကြားတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် အာရက္ခတပ်တော်ဟာ အကြမ်းဖက်မှုကို အားမပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဘယ်အကြမ်း ဖက်မှုကိုမဆို ရှုတ်ချပြီး ရခိုင်ဒေသအတွင်း အကြမ်းဖက်သမားမှန်သမျှကို ခြေချခွင့်ပေးမှာ မ ဟုတ်ဘဲ ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲနဲ့အတူ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် အရပ်သားပြည်သူတွေဟာ မြို့အတွင်းမှ ထွက်ခွာရာမှာ ဘေးကင်းလုံခြုံဖို့အတွက် အာရက္ခတပ်တော်ရှိတဲ့ နေရာတွေကို ထွက်ခွာကြဖို့နဲ့ မြို့အတွင်း ပိတ်မိနေသူတွေအနေနဲ့ ကျည်လွတ်တဲ့ နေရာတွေမှာ နေထိုင်ကြဖို့နဲ့ အလံဖြူအမှတ်အသားတွေကို ပြုလုပ်ထားကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီနဲ့ ARSA၊ RSOနဲ့ ARA အဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမခံရရန်အတွက် အတတ်နိုင်ဆုံး သူတို့နဲ့ ဝေးတဲ့နေရာတွေမှာ နေထိုင်ကြဖို့ AA က တိုက် တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.