ရေး၊ မေ ၂၆

မွန်ပြည်နယ် ရေးမြို့နယ်မှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် စက်သုံးဆီအရောင်းဆိုင်ကြီးတွေ အားလုံး အရောင်းပိတ်သိမ်းထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆီပြတ်လပ်မှုကြောင့် စက်သုံးဆီအရောင်းဆိုင်ကြီးတွေဟာ မေ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ခွဲ တမ်းနဲ့ ရောင်းချပေးခဲ့ပေမယ့် နေ့လည်ပိုင်းမှာတော့ ဆိုင်အားလုံး ဆီပြတ်လပ်သွားတဲ့အတွက် အရောင်းပိတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

စက်သုံးဆီပြတ်လပ်မှုဟာ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံ တားနဲ့ မစောတံတားမိုင်းခွဲခံရပြီးနောက် ဆီတင်ကားတွေ မရောက်တော့အတွက် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စက်သုံးဆီပြတ်လပ်မှုကြောင့် လမ်းဘေးဆိုင်တွေမှာ တစ်လီတာကို ကျပ် ၅၀၀၀ ပေး ဝယ်ယူနေရပြီး အဲဒီဆိုင်တွေမှာလည်း ဆီပြတ်လပ်မှုတွေ စတင်ဖြစ်ပေါ်နေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေးမြို့နယ်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ရန်ကုန်နဲ့ထိုင်းဘက်က တင်သွင်းလာတဲ့ စက်သုံးဆီတွေကို အများဆုံးရောင်းချနေတာဖြစ်ပြီး ဆီပြတ်လပ်မှုကြောင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားနေရတာပါ။

စက်သုံးဆီပြတ်လပ်မှုကြောင့် ရေးမြို့နယ်ရှိ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကလည်း လျှပ်စစ်မီးပေးချိန် လျှော့ချထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီပြတ်လပ်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ကျန်း မာရေးလုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေရှိနေပြီး SME လုပ်ငန်းတချို့ လုပ်ငန်းလည်ပတ်မှု ရပ်နားထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ် မီး မရရှိသေးတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.