CDF – Hakha ထံ ရဲတပ်သားတစ်ဦး လက်နက်နဲ့ အလင်းဝင်လာ

0
30

ဟားခါး – မတ် ၂၅

ချင်းပြည်နယ်၊ဟားခါးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ဦးဟာ လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ CDF – Hakha က အသိပေးထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပြီး သူ့ကို CDF – Hakha က ငွေကျပ် သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီရဲတပ်သားဟာ စစ်ကောင်စီထံမှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တာကြောင့် CDF- Hakha ထံ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လက်နက်နဲ့အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်သားကို CDF-Hakha က လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုသူတွေကိုလည်း ထပ်မံလက်ခံပေးသွားမှာ ဖြစ်တယ်လို့ CDF-Hakha က ဆိုထားပါတယ်။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ ပူးပေါင်းလာတဲ့ ရဲနဲ့ စစ်သား ၃ သောင်း နီးပါးအထိရှိနေပြီဖြစ်တယ်လို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CDF-Hakha

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.