ထိုင်းရောက် မြန်မာလုပ်သားတွေဆီက ဒေါ်လာတစ်သန်းကျော် အခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်း
မော်လမြိုင်၊ ဒီဇင်ဘာ ၃၁ ပြည်တွင်းမှာ ဆင်းရဲမွဲတေမှုတွေနဲ့အတူ အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အထားတွေ ထုတ်ပေးပြီး အဲဒီကအခွန်အဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းကျော် အခွန်ကောက်ခံဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတာပါ။ ထိုင်းအလုပ်ရှင်တွေဘက်က အမည်စာရင်းတင်သွင်းထားတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၉ သိန်းကို သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးဖို့ စစ်ကောင်စီအလုပ်သမားဝန် ကြီးဌာနရဲ့ ဘန်ကောက်အခြေစိုက်မြန်မာသံရုံးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ…