တရုတ်မောင်းသူမဲ့ မော်တော်ယာဉ်နည်းပညာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ ကန်သယ်ယူပို့ဆောင်ရေးအကြီးအကဲဆို

0
2810

ဝါရှင်တန် – ဇူလိုင်(၂၂) 

အမေရိကန်စျေးကွက်မှာ တရုတ်ရဲ့မောင်းသူမဲ့ မော်တော်ယာဉ်နည်းပညာကြောင့် အေဂျင်စီ အနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစေတယ်လို့ အမေရိကန်သယ်ယူပို့ဆောင်ရေး အကြီးအကဲ ကဇူလိုင်(၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ ဟာ့ဒ်ဝဲ ဒါမှမဟုတ် ဆော့ဖ်ဝဲလ်အကြောင်းတွေကိုဘဲ ပြောနေချိန်မှာ တယ်လီ ကွန်း ဒါမှမဟုတ် TikTok နဲ့ သယ်ယူပို့ဆောင်ရေးနည်းပညာနှင့်ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိပါတယ်” လို့ ပို့ဆောင်ရေးအကြီးအကဲ ဘတ်တီဂီက ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

အမေရိကန် ပြည်ထောင်စုအနေနဲ့ သယ်ယူပို့ဆောင်ရေးစနစ်ရဲ့ မတူညီတဲ့ အပိုင်းတွေကို ပံ့ပိုးပေး နေတဲ့ မတူညီသော စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှု အစစ်အမှန်ကို ပိုမိုကောင်းမွန်စွာ နားလည်ဖို့ လိုအပ်တယ်လို့ သူကပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၇) ရက်နေ့က သယ်ယူပို့ဆောင်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ထံ ပေးပို့တဲ့ ပါလီမန်အမတ်လေးဦးပါဝင်တဲ့ နှစ်ဘက်အဖွဲ့တစ်ဖွဲ့က စာတစ်စောင်မှာ အမေရိကန် ပြည်ထောင်စုမှာ AV နည်းပညာပျံ့နှံ့မှုနဲ့ ကန့်သတ်ခံရနိုင်ချေတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆို ခဲ့ပါတယ်။ 

“AVs၊ LiDAR၊ RADAR၊ ကင်မရာများ၊ AI နှင့် အခြားအဆင့်မြင့်အာရုံခံကိရိယာများနှင့် ဆီမီး ကွန်ဒတ်တာများ အသုံးပြုနေသည့် နည်းပညာအားလုံးသည် အမေရိကန်ပြည်သူများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အချက်အလက်များကို စုဆောင်းရန် တရုတ်နိုင်ငံသို့ ပြန်လည် ပေးပို့နိုင်ပြီး နောက်ဆုံးတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) သို့ ပြန်လည်မျှဝေနိုင်သည်” လို့ လွှတ်တော်အမတ်တွေက ရေးသားခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ AV ယာဉ်နဲ့ စက်ကိရိယာတွေ စမ်းသပ်တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက အထူးစိုးရိမ်ခဲ့ကြတာပါ။ 

လွှတ်တော်အမတ်တွေရဲ့စာမှာ ပြီးခဲ့တဲ့နှစ်က လူဦးရေအများဆုံး ယူအက်ပြည်နယ်မှာ တရုတ် ကုမ္ပဏီ(၇) ခုက အလိုအလျောက်မောင်းနှင်တဲ့ ယာဉ်တွေကို စမ်းသပ်ခဲ့တယ်လို့ ကယ်လီဖိုးနီး ယားရှိ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေရဲ့ အချက်အလက်တွေကို ကိုးကားပြီးဖော်ပြထားပါ တယ်။ 

အမေရိကန်က AV မော်တော်ယာဉ်လုပ်ငန်းဟာ ကိုယ်တိုင်မောင်းနှင်တဲ့ကားတွေကို စီးပွားဖြစ် ထုတ်လုပ်မယ်ဆိုတဲ့ ကတိပြုမှုတွေလည်း နောက်ကျကျန်နေခဲ့တာလည်းဖြစ်ပါတယ်။ 

AV ကုမ္ပဏီအများအပြားဟာ ဆိုင်ပိတ်တာလို တချို့သော ကုန်ကျစရိတ်တွေနဲ့ အလုပ်အကိုင် တွေကို လျှော့ချခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါ တယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.