မလေးရှားမှာ အီလွန်မက်စ်ရဲ့ Stralink အင်တာနက်ဖြန့်ဝေဖို့ အစိုးရသဘောတူ

0
2640
FILE PHOTO: SpaceX founder and Tesla CEO Elon Musk speaks on a screen during the Mobile World Congress (MWC) in Barcelona, Spain, June 29, 2021. REUTERS/Nacho Doce/File Photo

ကွာလာလမ်ပူ – ဇူလိုင်(၂၂) 

မလေးရှားနိုင်ငံအတွင်း အင်တာနက်ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ဖို့အတွက် အီလွန်မက်စ်ရဲ့ ဂြိုလ်တုဆက်သွယ်ရေးဖြစ်တဲ့ Starlink ကိုခွင့်ပြုပေးခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ဇူလိုင်လ(၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။

ဆက်သွယ်ရေးဝန်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အီလွန်မက်စ်ရဲ့ SpaceX ကလုပ်ဆောင် ထားတဲ့ Starlink ကိုနိုင်ငံအတွင်းမှာရှိတဲ့ ကျောင်းတွေနဲ့ အထက်တန်းပညာရေးအဖွဲ့အစည်း တွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ 

နိုင်ငံအတွင်းက လူသိများရေပန်းစားတဲ့ ဧရိယာတွေမှာ အင်တာနက်ဖြန့်ကျက်မှု (၁၀၀) ရာခိုင်နှုန်းဖြစ်စဖို့ အစိုးရအနေနဲ့ Starlink လို ဂြိုလ်တုဆက်သွယ်ရေးလုပ်ငန်းတွေနဲ့အတူ ကြိုတင်ပြင်ဆင်ထားတယ်လို့ သိပါတယ်။ 

မလေးရှားရဲ့ ရေပန်းစားဧရိယာတွေရဲ့ (၃) ရာခိုင်နှုန်းဟာ ပထဝီအနေအထားနဲ့ အခြေခံ အဆောက်အဦး စိန်ခေါ်မှုတွေကြောင့် အင်တာနက်ပြဿနာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အခုကြေညာချက်ဟာ မလေးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံဖို့ မလေးရှားဝန်ကြီးချုပ်နဲ့ အီလွန်မက်စ်ကြား အွန်လိုင်းအစည်းအဝေးကျင်းပအပြီး ထွက်ပေါ်လာခဲ့တာပါ။

မလေးရှားအစိုးရရဲ့ အခုနှစ်အစောပိုင်းကြေညာချက်မှာ အီလွန်မက်စ်ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေးဖြစ်တဲ့ Tesla ရုံးဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကြေညာထားပြီးနောက် လျှပ်စစ် ကားတွေကို တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.