စစ်ရေးအရအရေးပါတဲ့ မြဝတီလက်ခတ်တောင်စခန်းကုန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်

0
2406

မြဝတီ၊ ဇူလိုင် ၂၁

စစ်ရေးဗျူဟာအရအရေးပါတဲ့ ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ လက်ခတ်တောင်ကြောတစ်ခုလုံးကို ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ(၆)KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းပူးပေါင်းအဖွဲ့တို့က မြ၀တီမြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ဇူလိုင် ၂၀ ရက်နေ့ မနက် ၆ နာရီအချိန်ကစပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

လက်ခတ်တောင်ကြောတစ်ခုလုံးကိုတော့ ဒီကနေ့ မနက် ၅ နာရီအချိန်မှာ KNLA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း KNLA ပူပေါင်းအဖွဲ့ဘက်က ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကတော့ ခမရ(၁၁၈)၊ လ(၈)တို့ပါဝင်ပြီး ထိခိုက်သေဆုံးမှုရှိခဲ့ကာ ထိခိုက်သေဆုံးမှုအရေအတွက်ကို စိစစ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

လက်ခတ်တောင်တိုက်ပွဲမှာတော့ KNLA ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ထံကနေ ဆက်သွယ်ရေးစက်၊ ဗုံးသီး၊ မိုင်း၊ ဗုံးသီး၊ ကျည်ဘောက်၊ ကျည်ဆံ၊ လက်နက်ကြီး၊ စစ်အသုံးအဆောင်စတာတွေ သိမ်းဆည်းရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

လတ်ခတ်တောင်ကြောအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိ နာခဲ့တဲ့အတွက် လက်နက်ကြီးပစ်ကူကို နေ့တိုင်းလိုလိုရ အဆက်မပြတ် ပစ်ကူပေးခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.