မြဝတီ၊ ကော့ကရိတ်တိုက်ပွဲမှာ သေဆုံးမှုများတဲ့စစ်တပ် PDF တွေကျတာလို့ သတင်းမှားဖြန့်

0
2352

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီ ထောက်ခံသူ အကောင့်တုတွေဖြန့်ဝေနေတဲ့ “မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမှာ KKO ၊ KTLA၊pdf အထီး၊အမ ပေါင်း ၅၇ ယောက်သေ”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Pho Thein Yezin,Kyaw swar တယ်လီဝရမ် အကောင့်ကနေ မတ်လ(၃၁)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့”မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး မှာ KKO ၊ KTLA၊pdf အထီး ၊အမ ပေါင်း ၅၇ ယောက်မသာပေါ်ခဲ့ကြောင်း သိရ။”ဆိုပြီး ဓာတ်ပုံတွေနဲ့ အတူစစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှား တစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၅၄၅၊ ၅၄၆ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသည့်နေရာအချို့ကို မတ်လ ၂၅ရက် နံနက်ပိုင်းက ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း အပါအဝင် ကရင့်တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့သည်ဟု ယုံကြည်ရရတဲ့ သတင်းဌာနတွေနဲ့ Lion Battalion Commando စစ်ကြောင်းက ထုတ်ပြန်ထားချက်အရ စိစစ်တွေ့ရှိရပါတယ်။

Lion Battalion Commando စစ်ကြောင်းထုတ်ပြန်ချက်

https://bit.ly/3nAmxYI

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်

https://bit.ly/3zkGKV9

Myanmar nowသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်း

https://fb.watch/jColiusFQt/

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမှာ KKO ၊ KTLA၊pdf အထီး ၊အမ ပေါင်း ၅၇ ယောက်သေ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.