စစ်ကောင်စီတပ် မီးရှို့မှုကို PDF လို့ စစ်လော်ဘီတွေ သတင်းမှားဖြန့် (အမှန်/အမှား)

0
3075

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီထောက်ခံသူ အကောင့်တုတွေဖြန့်ဝေနေတဲ့ “အကြမ်းဖက် ပဒက်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရတဲ့ ဝက်လက်မြို့နယ်၊ သမ္မာရိုးရွာ”ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဘသန်း တယ်လီဂရမ်အကောင့်ကနေ မတ်လ( ၁၉)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “အကြမ်းဖက် ပဒက်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရတဲ့ ဝက်လက်မြို့နယ်၊ သမ္မာရိုးရွာ”ဆိုပြီးဓာတ်ပုံတွေနဲ့ အတူစစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှား တစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ဝက်လက်မြို့နယ်အတွင်းကို မတ်လ ၁၇ ရက်မှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက သမ္မရိုးရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ရွာထဲကို ရှင်းလင်းစီးနင်းရင်း နေအိမ်တွေကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဝက်လက်မြို့နယ် သမ္မရိုးရွာကို အကြမ်းဖက်ဝင်ရောက်စီးနင်းမီးရှို့ခဲ့လို့ ရွာထဲရှိအိမ် ( ၂၇၅) လုံး မီးလောင်ပျက်စီးခဲ့ရတာကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေကို မေးမြန်းကာ RFAသတင်းဌာနက ရေးသားဖော်ထုတ်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်အကြမ်းဖက် စီးနင်းမှုကြောင့် ရွာသူရွာသား လေးထောင်ကျော်က နိုင်သမျှထုပ်ပိုးပြီး အသက်လုပြေးခဲ့ရပါတယ်။

လေဖြတ်နေတဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ မီးလောင်သေဆုံးခဲ့တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/3LFQhxm

BBC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/42z8F0H

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “အကြမ်းဖက် ပဒက်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရတဲ့ ဝက်လက်မြို့နယ်၊ သမ္မာရိုးရွာ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းမှား တစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.