မြန်မာရွှေ့ပြောင်းများ ထိုင်းရဲဖမ်းတာကို တော်လှန်ရေးရန်ပုံငွေမထည့်လို့ ဖမ်းတာလို့ တပ်လော်ဘီတွေ ဝါဒဖြန့် (အမှန်/အမှား)

0
2914

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ “တော်လှန်ရေးရန်ပုံငွေ မထည့်သည့်အတွက် NUG မှ ထိုင်းရဲကို သတင်းပေးပြီး ဖမ်းဆီးခိုင်းရာမှ မြန်မာနိုင်ငံသား ၂၇ ဦး ထပ်မံဖမ်းဆီးခံရ”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို မှိုင်းဝေ ၊ ဟန်ငြိမ်းဦးစတဲ့ တယ်လီဝရမ် အကောင့်ကနေ မတ်လ (၁၆)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “NUG ကတော့ အလှူငွေ မထည့်တဲ့ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးဖို့သတင်းပေးတာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ တော်လှန်ရေးရန်ပုံငွေ မထည့်သည့်အတွက် NUG မှ ထိုင်းရဲကို သတင်းပေးပြီးဖမ်းဆီးခိုင်းရာမှ မြန်မာနိုင်ငံသား ၂၇ ဦး ထပ်မံဖမ်းဆီးခံရ”ဆိုပြီးဓာတ်ပုံတွေနဲ့ အတူစစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှား တစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီ ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေသည် ထိုင်း-မြန်မာ စင်ခွန်-မောတောင် နယ်စပ်ဂိတ်မှတစ်ဆင့် ခိုးဝင်သဖြင့် ဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦး၏ ဓာတ်ပုံတွေသာဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ရွှေ့ပြောင်း မြန်မာ အလုပ်သမား ၂၇ ဦး သည်၊ မတ်လ ၁၅ ရက်နေ့ ၄ နာရီ အချိန်တွင် ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင် ခိုးလမ်းကနေ ဝင်ရောက်စဉ် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း ထိုင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းဌာနတွေမှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။

Western Newsသတင်းဌာနမှာ ဖော်ပြထားတဲ့သတင်းလင့်

https://bit.ly/40nbpN5

Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://bit.ly/42roBCs

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “တော်လှန်ရေးရန်ပုံငွေမထည့်သည့်အတွက် NUG မှ ထိုင်းရဲကို သတင်းပေးပြီးဖမ်းဆီးခိုင်းရာမှ မြန်မာနိုင်ငံသား ၂၇ ဦး ထပ်မံဖမ်းဆီးခံရ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်း အမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.