မကွေး- ဩဂုတ်(၇)

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ရပ်တည်မှု မပြုလုပ်ဖို့အတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်က ဒေသခံတွေက တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

ဆန္ဒပြပွဲမှာ မြန်မာပြည်သူတွေလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကို အလေးထားပေးဖို့ ငဖဲမြို့ခံတွေက တောင်းဆိုခဲ့တာပါ။ “ပြည်သူတွေကိုအကြမ်းဖက်ပြီးရွာတွေကိုမီးရှို့နေတဲ့ စစ်တပ်ဘက်ကနေပြီး တရုတ်က ဒီနေ့အချိန်ထိ မားမားမတ်မတ်ရပ်တည်ပေးနေတာကျွန်တော်တို့တွေ့နေရပါတယ်။ အဲ့ဒီအကျိုးဆက်အဖြစ် စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူတွေအများကြီးထိခိုက်မှုတွေခံစားနေရပြီ အဲ့ဒီအတွက် တရုတ်က စစ်တပ်ဘက်ကရပ်တည်ပေးနေတာကို နောက်ဆုတ်ပေးဖို့ လေးလေးနက်နက်တောင်းဆို ပါတယ်” လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုလယျာ် က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို မလိုက်နာရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို နောက်ဆက်တွဲလုပ်ဆောင်တာတွေပြုလုပ်သွားမှာဖြစ်တဲ့အတွက် နောက်ဆက်တွဲဖြစ်လာတာတွေ ကို တရုတ်နိုင်ငံက တာဝန်ခံရမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို လေးစားပြီး ပြည်သူတွေဘက်ကရပ်တည်ဖို့ တောင်းဆိုခဲ့ပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ – Freedom People Force

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.