August 8, 2022

KNU ကို လာပစ်တဲ့ လေယာဉ်(၂) စီးကို ပြန်ပစ်ခတ်ခဲ့လို့ (၁) စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရ

ကျောက်ကြီး – ဩဂုတ်(၈) ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေကိုလာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ်ကို KNLA တပ်ရင်း(၉) က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စက်ချို့ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်း ဝန်းအတွင်းကို အမြန်ဆင်းသက်ခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ မနက်(၁၀) နာရီကျော်က အာဏာသိမ်းစစ်ကောင်စီက KNU စီမံအုပ်ချုပ် နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကို လာရောက်ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီက…